ဘဂ္ဂဒက်ရှိ ဈေးတစ်ခုမှာ ကားဗုံးပေါက်ကွဲပြီး ၂၃ ဦးထက်မနည်း သေဆုံး - Reader Myanmar

Latest Posts

ဘဂ္ဂဒက်ရှိ ဈေးတစ်ခုမှာ ကားဗုံးပေါက်ကွဲပြီး ၂၃ ဦးထက်မနည်း သေဆုံး




ဘဂ္ဂဒက်ရှိ ဈေးတစ်ခုမှာ ကားဗုံးပေါက်ကွဲပြီး ၂၃ ဦးထက်မနည်း သေဆုံး


ကားဗုံးပေါက်ကွဲမှုဟာ အမီလ်ဒေသမှာ လူစည်းကားချိန်အတွင်း ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ဆေးရုံသတင်းရင်းမြစ်တွေက ပြောပါတယ်။ မတ်လ ၂၀ ရက်က ဘဂ္ဂဒက် အနောက်တောင်ဘက် ရှီအာမွတ်စလင်မ်များ အဓိကနေထိုင်ရာ အမီလ်ဒေသရှိ ဈေးတစ်ခုမှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ကားဗုံးပေါက်ကွဲမှုဟာ အမီလ်ဒေသမှာ လူစည်းကားချိန်အတွင်း ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ကားဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့ကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမဲ့ လတ်တလော လများအတွင်း အလားတူ ဗုံးခွဲတိုက်ခိုက်မှု အများအပြားကို အိုင်အက်စ်အကြမ်းဖက်အဖွဲ့က လုပ်ဆောင်နေခဲ့ပါတယ်။ မိုဆူးလ်မြို့ကို အိုင်အက်စ်ထံမှာ အီရတ်အစိုးရတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေစဉ် ယခု ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့လအတွင်း မိုဆူးလ်မြို့ အနောက်ပိုင်းမှ အရပ်သား ၁၈၀,၀၀၀ ကျော်ဟာ တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ကြရပါတယ်။ မတ်လ ၂၀ ရက်မှာ ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ အိုင်အက်စ်အဖွဲ့က မိုဆူးလ်မြို့ တိုက်ပွဲများအတွင်း ကျည်ဆန်ကုန်သွားတဲ့ အီရတ်ရဲတပ်ဖွဲ့ ရဲမှူးကြီးတစ်ဦးနဲ့ အခြား အရာရှိ ၈ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်းလည်း သိရပါတယ်။
လတ်တလော ဖြစ်ပွားခဲ့သည့် ဘဂ္ဂဒက်မြို့မှ ဗုံးပေါက်ကွဲမှုများ
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၇ - သုံးရက်အတွင်း ဘဂ္ဂဒက်မှာ တတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၄၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Image may contain: outdoor

ဇန်နဝါရီ ၈၊ ၂၀၁၇ - ဘဂ္ဂဒက်မြို့ အရှေ့ပိုင်းမှာ ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
ဇန်နဝါရီ ၂၊ ၂၀၁၇ - ဘဂ္ဂဒက်မြို့ရဲ့ လူစည်ကားရာ ရင်ပြင်တစ်ခုမှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၃၁၊ ၂၀၁၆ - အိုင်အက်စ်အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှု ၂ ခု ပြုလုပ်ခဲ့ရာ လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
Source & Photo: Aljazeera
#Duwun
Loading...