အကယ်ဒမီ ရမှ ပြသနာတက်သွားတဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဌကြီး ဦးလူမင်း - Reader Myanmar

Latest Posts

အကယ်ဒမီ ရမှ ပြသနာတက်သွားတဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဌကြီး ဦးလူမင်း






သူများတွေ အကယ်ဒမီ ရရင် ကိုယ့် အိမ်ထောင်ဖက် ကို ကျေးဇူးတင်ကြောင်းထည့်ပြောကြတယ်…ကို လူမင်း ကြီးကတော့ အကယ်ဒမီ စင်မြင့်ပေါ်ကနေ သူ့ဇနီး မစံပယ် ကို ကျေးဇူးတင်ကြောင်း ထည့်မပြောလိုက်မိလို့…မစံပယ် စိတ်ကောက် တယ်ထင်ပါရဲ့…။အဲ့ဒါကြောင့် ကိုလူမင်း ကိုယ်တိုင်ပဲ သူ့ရဲ့အကောင့်မှာ အခုလို သူ့ ဇနီး ကို ချော့တဲ့အနေနဲ့ Status တစ်ခုတင်ထားတာကို တွေ့ရပါတယ်…။” သူများတွေက သူတို့အိမ်ထောင်ဖက်တွေကိုကျေးဇူးတင်ကြောင်းပြောကြတယ် ယောကျာင်္း ကျတော့မိန်းမကိုထည့် လ ည်းမပြောဘူး” တဲ့….။ဟုတ်တာပေါ့နော် ..လူပုံအလည်မှာ သတိတရနဲ့ကျေးဇူးတင်ကြောင်းပြောတာကို ပီတိကလေးနဲ့ပြုံးပြီးခံစားချင်ရှာမှာပေါ့မေ့တာမဟုတ်ပါဘူး မိန်းမရယ် ..ယောကျာင်္း အံ့သြဝမ်းသာသွားတဲ့အချိန်မှာ မိန်းမနဖူး ကို ဖွဖွလေးနမ်းလိုက်တဲ့ အနမ်းတ ချက် ဟာ စကားလုံးတွေအားလုံးထက် ပြီးပြည့်စုံတဲ့အနမ်းပန်းလေးပါ ကွာ ။စိတ်ဖိစီးမှုပေါင်းများစွာနဲ့ ပွဲကြီးတခုလုံးပြီးမှ ‘ဟင်း’ ချနိုင်တဲ့ ယောကျာင်္း အဖြစ်ကိုမိန်းမအသိပါ ။ အစ ကထဲကမှ မင်း သားကိုယောကျာင်္းတော်ထားရတဲ့အထဲ ဥက္ကဌ ပါထပ်လုပ်ပြန်တော့ အေးအေးချမ်းချမ်းအတူတူ နေရတဲ့အချိန်ထက် အ ပူတွေကို ထပ်တူမျှဝေ ရတဲ့အချိန်တွေများလာတာ ၊ အပူရုပ်ကိုဟန်လုပ် အရှုပ်ထုပ်တွေကိုကန်ထုတ် ပြီး ဟန်မပျက် အိမ်ပြန် ပြန်လာပေမယ့် လည်း ဖေ့စဘုတ်ကြီးကျေးဇူးကြောင့် အပူတွေကကိုယ့်အရင် အိမ်ထဲကိုကြိုလို့ရောက်နှင့်နေ တာတွေ၊ စာနာမှုကင်းမဲ့တဲ့ အရေးအသားတွေကြောင့် အကြိမ်ကြိမ် ကျခဲ့ရတဲ့ မိန်းမရဲ့မျက်ရည်တွေ ၊နောက်ေ ကျာက ထိုးတဲ့ဓါးချက်တွေကြောင့် အတူတူမိုးစင်စင်လင်းခဲ့ရတဲ့ ညတွေ . . .။လူတွေ လူတွေ အကြောင်းကိုသင်ကြားရင်း. . . ဒါတွေ. . ဒါတွေ . . ကို အတူတူ ရင်ဆိုင်ဖြတ်သန်းခဲ့ကြတဲ့ သူတွေ ကြားမှာ ကျေးဇူး ဆိုတာ အထူးတလည် ပြောနေစရာ မဟုတ်ဘူးဆိုတာ မိန်းမသိပါတယ်။ဒါပေမယ့် ကတိတစ်ခုတော့ မိန်းမကိုပေးနိုင်သွားပြီ နှစ်တိုင်းမိန်းမပြောနေကျ စကားတစ်ခွန်း နောက်နှစ် မပြောရစေဘူး အဲဒါဘာလဲ သိလား ? ” အကယ်ဒမီပွဲ နီးလာရင် မိန်းမကြောက်တယ် ယောကျာင်္းရယ် . .” ဆိုတာလေ. . . ချစ်လေး အတွက် ကိုကို”


Credit :sunthit

Loading...