ဇာတ်ကားတစ်စီး ချောက်ထဲထိုးကျသဖြင့် တစ်ဦးသေ(၁၆)ဦးဒဏ်ရာရ - Reader Myanmar

Latest Posts

ဇာတ်ကားတစ်စီး ချောက်ထဲထိုးကျသဖြင့် တစ်ဦးသေ(၁၆)ဦးဒဏ်ရာရ






ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် ပြည်-တောင်ကုတ်
ကားလမ်းမ ရခိုင်ရိုးမပေါ်မှ မတ်လ(၂၇)ရက်နေ့ နေ့လည်(၃)နာရီကျော်အချိန်တွင်
ဇတ်ကားတစ်စီး လမ်းဘေးထိုးကျသဖြင့် ယာဉ်ပေါ်ပါလာသူ တစ်ဦး သေဆုံးပြီး
(၁၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပန်းတောင်းမြို့နယ်၊ညောင်ကျိုးကျေးရွာအုပ်စု
ကျွဲလေးကျေးရွာအနီး မိုင်တိုင်အမှတ် ၄၆/၁ နှင့် ၄၆/၂ အကြား တွင်
တောင်ကုတ်ဘက်မှ ယာဉ်မောင်း ဖြိုးဆွေ မောင်းနှင်လာသော ယာဉ်အမှတ်…….. ISUZU
ယာဉ်အမျိုးအစား အပြာရောင် (၆)ဘီးယာဉ်သည် ပြည်မြို့မှ
ရွှေပြည်စံဇတ်အဖွဲ့နှင့် ဇတ်ပစ္စည်းများကို တင်ဆောင်ပြီး တောင်ကုတ်ဘက်မှ
ပြည်ဘက်သို့မောင်းနှင်လာစဉ် ယာဉ်မှာ အရှိန်မထိန်းနိုင်ပဲ လမ်း၏ ၀ဲဘက်သို့
ထိုးကျသွားခဲ့ကြောင်း သိရသည်။


အဆိုပါ ဇတ်ကားတိမ်းမှောက်မှုကြောင့် ယင်းဇတ်အဖွဲ့ထဲမှ
ပြည်မြို့၊ကန်သာယာရပ်ကွက်နေ ဦးခင်မောင်ရွှေ (၃၂)နှစ်မှာ
ဝဲဘက်မျက်ခုံးတွင် ပေါက်ပြဲချိုင့်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်
သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါလာသူများထဲမှ (၁၆)ဦး ဒဏ်ရာရရှိပြီး
ဥသျှစ်ပင်မြို့ဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသမှုများ ခံယူပြီး
ညနေ(၄း၂၀)အချိန်ခန့်တွင် ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် ပြည်မြို့
ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
ယင်း ရွှေပြည်စံ ဇတ်အဖွဲ့မှာ ပြည်မြို့၊ခေတ္တရာမြို့သစ်ရပ်ကွက်
(၉)လမ်း(၄)ကွက်မှ ဖြစ်ပြီး ယင်းနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဘက်မှ
ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး
လူသေဆုံးမှုထိ ဖြစ်ပွားခဲ့သော ယာဉ်မောင်း ဦးဖြိုးဝေအားပန်းတောင်းမြို့နယ်
ဥသျှစ်ပင်နယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၉/၂၀၁၇၊ ပုဒ်မ ၃၃၇၊၃၃၈၊၃၀၄
တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကိုလေး(ပြည်)
Loading...