၁၉ ရက်​မှ ၂၅ ရက်​ထိ တား​ရော့ကံကြမ္မာ - Reader Myanmar
Latest Posts
၁၉ ရက်​မှ ၂၅ ရက်​ထိ တား​ရော့ကံကြမ္မာ
တနင်္ဂ​နွေသားသမီးများအတွက်
 ====================
ဒီတစ်​ပတ်​တွင်​ ကံ ၇၀ % ရှိ​နေမည်​ ။
 သင်​သည်​ အလင်းမရှိတဲ့ လကွယ်​ညမှာ အ​​ဖော်​မပါပဲ
 တစ်​​ယောက်​ထဲ လမ်း​လျှောက်​​နေရသလို ဖြစ်​​နေမည်​ ။
အထင်​လွဲမှားခံရခြင်း ၊ ကြိုးစားထားသမျှ အသိမှတ်​ပြု
မခံရခြင်း ၊ မနာလိုသူ ကုန်းတိုက်​ခံရခြင်း ၊ ဖြစ်​​တတ်
သည်​ ။ အလုပ်​ကံ ၅၀ % ရှိ​နေမည်​ ။ မလုပ်​ချင်​​သော
အလုပ်​ကိုမှ လုပ်​​နေရတတ်​သည်​ ။ ထင်မှတ်​မထား​သော
ပြဿ နာ​လေးများ ​ဖြေရှင်း​နေရတတ်​သည်​ ။ ​ငွေကံ ၇၀ %
ရှိ​နေမည်​ ။ ​ငွေ ဝင်​မည်​ ။ ပညာ​ရေးကံ ​ကောင်း​နေမည်​ ။
သင်တန်းများ တက်​​ရောက်​ခွင့်​ရတတ်​သည်​။ အနုပညာ
လုပ်​ငန်းများ ဖိနှိပ်​မှု​တွေ ၊ အတိုက်​အခိုက်​​တွေကြားထဲ
စိတ်​ရှုတ်​​နေရမည်​ ။ ထိခိုက်​အနာတရဖြစ်​ခြင်း ၊ ခွဲစိတ်​ခံရ
ခြင်း ၊ ဖြစ်​​နေကျ ​ရောဂါ​ဟောင်းများ ပြန်​​ပေါ်​တတ်​သည်​ ။
ကျား .. အချစ်​က ​အေး​ဆေးသာယာ​နေမည်​ ။ အ​ဝေးမှ
 ချစ်​သူ​လေးရဲ့ ဂရုစိုက်​​အ​လေး​ပေးခြင်းခံ​ရမည်​ ။ အိမ်​​ထောင်
သည်​များ ဘာမဟုတ်​တာ​လေးများဖြင့်​ စကားများ​နေရ
တတ်​သည်​ ။
မ .. အချစ်​က အထီးကျန်​လွမ်း​နေရသလို ဖြစ်​​နေမည်​ ။
အိမ်​​ထောင်​သည်​များအချစ်​က ပြဒါးတစ်​လမ်း ၊ သံတစ်​လမ်း
လိုဖြစ်​​နေမည်​ ။
ကံ​ကောင်း​စေရန်​ ... မိခင်​ ( သို့ ) အသက်​ကြိင်္းသူအား
မျက်​နှာသုတ်​ပဝါ လက်​​ဆောင်​​ပေးလိုက်​ပါ ။
======================================
တနင်္လာသားသမီးများအတွက်
=====================
ဒီတစ်​ပတ်​တွင်​ ကံ ၇၀ % ရှိ​နေမည်​ ။ သင်​သည်
 အခွင့်​အ​ရေးများ ၊ လုပ်​ပိုင်​ခွင့်​များကို ​ရွေးချယ်​ရ​ခက်
အောင် တပြိုင်​တည်း ရရှိလာတတ်​သည်​ ။ မိသားစု
အိမ်​တွင်း​ရေးပြဿ နာများ ပူပင်​​သောကများ ရှိလာ
တတ်​သည်​ ။ အ​ဝေးမှ သတင်းစကားကြားရတတ်​သည်​။
အလုပ်​ကံ ၇၀ % ရှိ​နေမည်​ ။ ​ငွေကံ ၇၅ % ရှိ​နေမည်​ ။
ငွေ ဝင်​မည်​ ။ ကုန်​ကျများ​နေမည်​ ။ ​တပါးသူအား ငွေ​ 
မ​ချေးသင့်​ပါ ။ စိတ်​ပူ​နေရတတ်​သည်​ ။ ပညာ​ရေးကံ
ကောင်း​နေမည်​ ။ လိုရာခရီးလမ်းသို့ ​အေး​ဆေး​လျှောက်
လှမ်း​နေမည်​ ။ အနုပညာလုပ်​ငန်းများ ​အောင်​မြင်​ထင်
ပေါ်​​​နေမည်​ ။ ခရီးသွား​နေရတတ်​သည်​ ။ နိုင်​ငံခြား
ခရီးစဉ်ရှိပါက အဆင်​​ပြေမည်​ ။ သွားကိုက်​ခြင်း ၊ 
အာရုံ​ကြော​ရောဂါ ၊ ဆီးပူခြင်း ၊ ဖြစ်​တတ်​သည်​ ။
ကျား ... အချစ်​က ပြဿ နာမျိုးစုံဝင်​​နေမည်​ ။ေ​ရှ့ဆက်
ဖို့ခက်​တဲ့ အ​ခြေအ​နေများနှင့်​ ကြုံ ​တွေ့လာရတတ်​သည်​ ။
အိ​မ်​​ထောင်​သည်​များအချစ်​က ​ အ​ရှေ့နဲ့ အ​နောက်​လို
သ​ဘောထားမတူညီတဲ့ ရပ်​တည်​မှူေ​တွ ရှိ​နေမည်​ ။
မ .... အချစ်​က ​ပျော်​ရွှင်​စရာ​နေ့ရက်​​တွေနဲ့ ကြုံ ​နေရမည်​။
အချစ်​သစ်​များတွေ့​ လာရတတ်​သည်​ ။ အိမ်​​ထောင်​သည်​များ
အချစ်​က အတိတ်​​တွေ​ထားရစ်​ခဲ့ပြီး အသစ်​တဖန်​ ပြန်​စချစ်
နေမည်​ ။
ကံကောင်း​စေရန်​ ... ​မေတ္တာသုတ်​ ၂ ကြိမ်​ရွတ်​ပါ ။
အ​အေးဖြင့်​ ချစ်​သူခင်​သူများအား ဒါနပြုပါ ။
=======================================
အင်္ဂါသားသမီးများအတွက်
 ~~~~~~~~~~~~~~
ဒီတစ်​ပတ်​တွင်​ ကံ ၇၀ % ရှိ​နေမည်​ ။ သင်​သည်
 ခိုင်​မာ​​သောစိတ်​ ၊ ရဲရင့်​သောစိတ်​ ၊ တပါးသူအား
ယုံကြည်​မှု​ပေးတတ်​​သော စိတ်​များဖြင့်​ ​နေ့ရက်​​တွေကို
လျှောက်​လှမ်း​နေမည်​ ။ ​လေးလံ​နေတဲ့ ဝန်​ထုပ်​ကြီးကို
ထမ်းထားပြီး လုပ်​နိင်​တာထက်​ ပို​နေတဲ့ တာဝန်​များကို
ခက်​ခဲပင်​ပန်းစွာ သယ်​ယူ​နေမည်​ ။ အလုပ်​ကံ ၇၅ %
ရှိ​နေမည်​ ။ ပူး​ပေါင်း​ဆောင်​ရွက်​​သော လုပ်​ငန်းများ
အောင်​မြင်​မည်​ ။ ဘာသာမတူ လူမျိုးခြားများ အကူညီ
ရရှိတတ်​သည်​ ။ ​ဆေးလုပ်​ငန်း ၊ ​ရွှေလုပ်​ငန်း ၊ ကုန်​သွယ်
ရေးလုပ်​ငန်းများ ​အောင်​မြင်​မည်​ ။ ​ငွေကံ ၇၀ % ရှိ​နေ
မည်​ ။ပညာ​ရေးကံ ​ကောင်း​နေမည်​ ။ အနုပညာလုပ်
ငန်းများ ပင်​ပန်းစွာ ​လျှောက်​လှမ်း​နေရမည်​ ။ မနာလို
သူ ပိတ်​ပင်​တားစီးသူများကြား ခက်​ခဲစွာ ​ဖြတ်​​ကျော်
နေရတတ်​သည်​ ။ မျက်​စိနှင့်​ပက်​သတ်​​သော​ရောဂါ ၊
ဒူးနာခါးနာခြင်း ၊ အနာနှင့်​​ဆေး လွဲမှား​နေခြင်း
ဖြစ်​တတ်​သည်​ ။
ကျား .... အချစ်​က နီးမလိုလိုနှင့်​ ​ဝေး​နေမည်​ ။
အိမ်​​ထောင်​သည်​များအချစ်​က ​ပျော်​ရွှင်​စရာများနှင့်
သာပြည့်​စုံ​နေမည်​ ။
မ .... အချစ်​က ​အေး​ဆေးသာယာ​နေမည်​ ။
အိမ်​​ထောင်​သည်​များအချစ်​က စိတ်​ရှုတ်​စရာများ
ပြည့်နေမည်​ ။
ကံ​ကောင်း​စေရန်​ ..... ​ ​ခွေးစာ ၊ ​ခိုစာ ​ကျွေးပါ ။
=======================================
ဗုဒ္ဓဟူး / ရာဟု သားသမီးများအတွက်
~~~~~~~~~~~~~~~~~~~~~
ဒီတစ်​ပတ်​တွင်​ ကံ ၇၀ % ရှိ​နေမည်​ ။
 သင်​သည်​ အ​တွေးစိတ်​ကူး​တွေ ကြည်​လင်​မည်​ ။
ပြတ်​သားမည်​ ။ ပြဿ နာ​တွေကို ​ဖြေရှင်းပြီး ရည်​မှန်း
ချက်​အတိုင်း ​လျှောက်​လှမ်းနိုင်​မည်​ ။အရာရာကို တာဝန်
ယူ​နေရသူဖြစ်​​နေမည်​ ။ အလုပ်​ကံ ၇၅% ရှိ​နေမည်​ ။
သတိထားပါ ။ အထင်​မှားခံရတတ်​သည်​ ။
မည်​ ။ အင်​တာ​ဗျူး​ဖြေခြင်းရှိပါက အထူးသတိပြုပါ ။
အမည်း​ရောင်​အကျီ င်္ မဝတ်​သင့်​ပါ ။ အနုပညာလုပ်​ငန်း
များ အ​ကောင်းအဆိုး​ရော​နေမည်​ ။ မိန်းမရန်​ရှိ​နေတတ်
သည်​ ။ ခန္ဓာကိုယ်​အပူများ​နေမည်​ ။ နှလုံးအားနည်းခြင်း
မူး​မောခြင်း ၊ ​ချွေးထွက်​လွန်​ခြင်း ဖြစ်​တတ်​သည်​ ။
ကျား ..... အချစ်​က သွား​လေရာမျက်​နှာပွင့်​မည်​ ။
ဟန်​​ဆောင်​အချစ်​များလည်း​တွေ့မည်​ ။ အိမ်​​ထောင်​သည်
များအချစ်​က ပူပန်​​သောကများ ရှိ​နေမည်​ ။
မ ..... အချစ်​က ​ပျော်​ရွှင်​​နေရမည်​ ။ အရာရာဖြည့်
ဆည်း​​ပေးတတ်​တဲ့ ချစ်​သူ​လေး​ကြောင့်​ စိတ်​ချမ်းသာ
နေမည်​ ။ အိမ်​​ထောင်​သည်​များအချစ်​က အနိုင်​ယူမှု​တွေ
နှင့်​ ​ရှေ့ဆက်​​နေရမည်​ ။
ကံ​ကောင်း​စေရန်​ .... ၅ ပါးသီလ ​စောင့်​ထိမ်းပြီး ၊
ဘုရားဂုဏ်​​တော်​ပွားပါ ။
======================================
ကြာသပတေးသားသမီးများအတွက်
============================
ဒီတစ်ပတ်တွင်ကံ ၇၅ % ရှိနေမည် ။
သင်သည် ကံကောင်းခြင်းများစွာရှိနေမည် ။
ကောင်းသောအပြောင်းအလဲများနှင့်တွေ့ကြုံ
နေရမည်။ မိမိတာဝန်ယူရသော ကိစ္စများအောင်
မြင်အဆင်ပြေမည် ။ ခရီးသွားရခြင်း၊ နေရာသစ်
သို့ရောက်ရှိခြင်း ၊ အိုးသစ်အိမ်သစ်ရရှိတတ်သည်။
အလုပ်ကံ ၇၀ % ရှိနေမည် ။ မိမိလုပ်နိုင်စွမ်းရှိသ
လောက် အောင်မြင်မည် ။ ငွေကံ ၇၀ % ရှိနေမည်။
ငွေကြေး ပြသနာဖြစ်တတ်သည် ။ သတိထားပါ ။
ပညာရေးကံ ကောင်းနေမည် ။ အနုပညာလုပ်ငန်း
များ စိတ်ရှုတ်စရာများ ရှိနေပေမယ့် အောင်မြင်နေ
မည် ။ လေအောင့်ခြင်း ၊ အစားမှားခြင်း ၊
ဝမ်းပျက်ခြင်း ဖြစ်နေမည် ။
ကျား .... အချစ်က အဆုံးသတ်မည်ထင်ပြီးမှ ပြန်
ဆက်သွယ်လာမည် ။ အိမ်ထောင်သည်များအချစ်က
လူချင်းနီးနေပေမယ့် စိတ်ခြင်းဝေးနေမည် ။
မ .... အချစ်က ကံခေနေမည် ။ မိမိကသာ ခံစား
နေရမည် ။ သစ္စာမရှိသူကို ဆက်ချစ်နေမိတတ်သည် ။
အိမ်ထောင်သည်များအချစ်က အေးဆေးနွေးထွေးနေ
မည် ။
ကံကောင်းစေရန် ... ရေ လှူပေးပါ ။
=======================================
သောကြာသားသမီးများအတွက်
=========================
ဒီတစ်ပတ်တွင် ကံ ၇၀ % ရှိနေမည် ။
သင်သည် အတိုက်အခိုက်များကြားမှ ရှင်သန်
နေရသူလိုဖြစ်နေမည် ။ အကောင်းအဆိုးများ
က တလှည့်ဆီ သင့်နောက်မှာ အရိပ်လိုရှိနေမည် ။
တိကျမှန်ကန်လွန်းတဲ့ ဆုံးဖြတ်ချက်တွေ ၊ လုပ်
ဆောင်မှုတွေကြောင့် လူအများနှင့် ဆန့်ကျင်ဘက်
ဖြစ်နေတတ်သည် ။ အလုပ်ကံ ၇၅ % ရှိနေမည် ။
ငွေကံ ၇၅ % ရှိနေမည် ။ ပညာရေးကံ ကောင်းနေ
မည် ။ အနုပညာလုပ်ငန်းများ ထင်သလောက်ခရီး
မရောက်ပဲ ရှိနေမည် ။ ပူပန်သောကများ ရှိနေမည်။
အပူလောင်တတ်သည် ။ သွေးတိုးရောဂါ ၊ ခြေလက်
ထိခိုက်ဒဏ်ရာရတတ်သည် ။
ကျား ... အချစ်က ပျော်ရွှင်နေရမည် ။
အိမ်ထောင်သည်များအချစ်က အထီးကျန်လွမ်းနေရ
တတ်သည် ။
မ ... အချစ်က အေးချမ်းသာယာနေမည် ။
အိမ်ထောင်သည်များအချစ်က ပျော်ရွှင်စရာများ
ပြည့်နေမည် ။
ကံကောင်းစေရန် .... မြတ်စွ့ာဘုရားအား သစ်သီး
ဆွမ်းကပ်လှူပေးပါ ။
======================================
စနေသားသမီးများအတွက်
====================
ဒီတစ်ပတ်တွင် ကံ ၇၀ % ရှိနေမည် ။
သင်သည် စိန်ခေါ်မှု တိုက်ပွဲများကို အောင်မြင်စွာ
တွန်းလှန်နိုင်သူ ဖြစ်နေမည် ။ ဆင်းရဲဒုက္ခ ကြားမှ
လွတ်မြောက်နိုင်မည် ။ ချီးကျူးဂုဏ်ပြုမှုနဲ့ သတင်း
ကောင်းကြားရမည် ။ အလုပ်ကံ ၇၀ % ရှိနေမည် ။
ဆုံးဖြတ်ရခက်တဲ့ အခွင့်အရေးများ ရရှိနေမည် ။
ငွေကံ ၇၀ % သာရှိနေမည် ။ ဝင်ငွေထွက်ငွေ
မျှနေမည် ။ ပညာရေးကံကောင်းနေမည် ။
အနုပညာလုပ်ငန်းများ ရှေ့ဆက်ဖို့ ခက်နေမည်။
ကျိုးစားသလောက် အခွင့်ရေးမရ ဖြစ်နေမည်။
အစာအိမ်ရောဂါ ၊ အပူနာပေါက်ခြင်း ၊ ဝမ်းပျက်
ခြင်းဖြစ်တတ်သည် ။
ကျား ... အချစ်ကံ ခေနေမည် ။
အဟောင်းထက် အသစ်ကိုသာပြောင်းချင်နေမည်။
အိမ်ထောင်သည်များအချစ်က အေးချမ်းနေမည်။
မ ... အချစ်က သာသာယာယာယာ ရှိနေမည် ။
အိမ်ထောင်သည်များ အချစ်က နားလည်မှုတွေ
ဝေးကွာလို့ လွမ်းနေရသူလို ဖြစ်နေမည် ။
ကံကောင်းစေရန် ... ၁၀ မိနစ်မျှ တရားထိုင်ပါ ။ အရပ်ဆယ်မျက်နှာ မေတ္တာပို့ပါ ။
ကံကောင်းပါစေ
အရာရာအဆင်ပြေကြပါစေ ...
နေခြည် .. တားရော့
Loading...