အအိပ်မက်သူတွေကို တစ်နှစ်လစာ ဒေါ်လာ ၁၄၀၀၀ ၀န်းကျင်ပေးပြီးခန့်အပ်မယ့် အစီအစဉ် - Reader Myanmar

Latest Posts

အအိပ်မက်သူတွေကို တစ်နှစ်လစာ ဒေါ်လာ ၁၄၀၀၀ ၀န်းကျင်ပေးပြီးခန့်အပ်မယ့် အစီအစဉ်




သင်ဟာ အအိပ်မက်သူလား ၊ ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် အိပ်ဖို့ အာသီသရှိနေသလား။ ဒါဆိုရင်တော့ သင့်အတွက် လစာကောင်းတဲ့ အလုပ်တစ်ခုကို ရနိုင်ပါပြီ


တရုတ်နိုင်ငံ ရှန်ဟိုင်းက အစာအစာအဟာရ ဖြည့်စွက်မှုနဲ့ ဆိုင်တဲ့ ကုမ္ပဏီတစ်ခုဟာ အအိပ်မက်သူတွေကို ရှာဖွေနေပါတယ်။ အိပ်ရတာကို မက်တဲ့ Professional Sleepers တွေကို ၀န်ထမ်းအဖြစ်ခန့်အပ်ဖို့ ရည် ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဒီအလုပ်အတွက် တခြားဘာ ပညာအရည်ချင်းမှ ၊ အတွေ့အကြုံမှ မလိုပါဘူး။ လိုတာကတော့ ကျွမ်းကျွမ်းကျင်ကျင် အိပ်တတ်ဖို့ပါတဲ့။

Professional Sleepers တွေအဖြစ်ခန့်အပ်လိုက်တဲ့ဝန်ထမ်းတွေဟာ လစာအနေနဲ့ နှစ်စဉ် ဒေါ်လာ ၁၅၀၀၀ ၀န်းကျင် ရမှာပဲဖြစ်ပါတယ်။ လုပ်ရမယ့် အလုပ်ကတော့ မနက် နေ့ခင်း ည သူတို့ စီစဉ်ထားသလို အိပ်စက်ပေးရမှာဖြစ်ပြီး အိပ်ရတာ ကောင်းတယ် ၊ မကောင်းဘူး ၊ အဆင်ပြေတယ် ၊ မပြေဘူး စတဲ့ ကိုယ်ခံ စားရတာတွေကို report ထုတ်ပေးရမှာပဲဖြစ်ပါတယ်။


ဒါဟာ သိပ်တော့ မထူးဆန်းပါဘူး။ သုတေသန ပညာရှင် အချို့ နဲ့ နာဆာတို့လို အဖွဲ့အစည်းတွေကလည်း ကျွ မ်းကျင် အအိပ်ပညာရှင်တွေကို ငှားရမ်းပြီး သုတေသနပြုဖို့ လစာမြောက်များစွာပေးပြီး ခန့်အပ်ထားတာတွေ ရှိဖူးပါတယ်။ တချို့ဆို နှစ်စဉ် လစာငွေအဖြစ်ဒေါ်လာ ၃ သိန်း နီးပါးတောင် ရရှိပါသတဲ့။ အအိပ်မက်သူ ၊ အ အိပ်ကျွမ်းကျင်သူတွေအတွက် အထူးသတင်းကောင်းပေါ့ဗျာ

Credit to thutazone
Loading...