မန္တလေးတွင်ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သေနတ်ကျည်ဆံထိမှန် သေဆုံး - Reader Myanmar

Latest Posts

မန္တလေးတွင်ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သေနတ်ကျည်ဆံထိမှန် သေဆုံး






မနက်က ဆိုင်ကယ်စီးနင်းနေသူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရသည်ဟု ကနဦး သတင်းကြားသိရ
မန္တလေးတွင်ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သေနတ်ကျည်ဆံထိမှန် သေဆုံး --

Image may contain: one or more people and text

Image may contain: text

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ကျန်စစ်သားလမ်းတွင် ယနေ့ (မတ် ၂၂ ရက်) နံနက် ၈ နာရီက ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သေနတ်ကျည်ဆံ ထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
"ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်တယ်ဆိုပြီး အရေးပေါ်ဌာနကို ရောက်လာတာ။ ခေါင်းက ဒဏ်ရာကို စစ်လိုက်တော့မှ မျက်ခုံးနှစ်ဖက်ကြားထဲ ကျည်ဆံဝင်ထားတာကို တွေ့ရှိရပါတယ်။ ဆေးရုံရောက်ကတည်းက အသက်မရှူတော့ဘူး။ သေနတ်မှန်တာလား ပစ်တာလားဆိုတာ စုံစမ်းနေတုန်းပါ"ဟု မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
သေနတ်ကျည်ဆန် ထိမှန်သေဆုံးသူမှာ ၆၇ လမ်းနှင့် ၆၈ လမ်းကြား ကျန်စစ်သားလမ်းတွင် နေထိုင်သည့် ကိုရဲဝင်း ၃၅ နှစ်ဖြစ်သည်ဟု ကနဦး သတင်းရရှိသည်။
EMG&မင်းဧရာဝတီ
သိမ်း ထူးစံ


Loading...