အီကွေတာပေါ်သို့ နေရောင်ခြည် တည့်မတ်စွာ ကျရောက်ပြီ - Reader Myanmar

Latest Posts

အီကွေတာပေါ်သို့ နေရောင်ခြည် တည့်မတ်စွာ ကျရောက်ပြီ






ဒီကနေ့ (မတ်လ ၂၀ ရက်နေ့) မှာတော့ ကမ္ဘာ့ရဲ့ အီကွေတာမျဉ်းပေါ်ကို နေရောင်ခြည် တည့်မတ်စွာ ကျရောက်ပါပြီ။ ကမ္ဘာ့ နေရာဒေသ ရပ်ဝန်း အသီးသီးမှာ နေ့အချိန် နဲ့ ည အချိန်ဟာ တူညီစွာ တည်ရှိနေကြတော့မှာပဲ ဖြစ်ပါတယ်။
နေမင်းကြီးဟာ အရှေ့အရပ် တည့်တည့် မိုးကုတ်စက်ဝိုင်းကနေ နံနက် ၆ နာရီမှာ နေထွက်ပြီး.. အနောက်အရပ်တည့်တည့် မိုးကုတ်စက်ဝိုင်းကို ည ၆ နာရီမှာ ပြန်ဝင်သွားမှာပါ။ မွန်းတည့် ၁၂ နာရီတိတိမှာ နေဟာ ခေါင်းပေါ်တည့်တည့်မှာ ရှိနေမှာဖြစ်ပါတယ်။
ဒါဟာ ကျနော်တို့လို ကမ္ဘာ့ မြောက်ခြမ်း နေသူတွေအတွက် နွေဦးရာသီ ရဲ့ အစ ဖြစ်ပြီး.. တောင် ကမ္ဘာခြမ်းအတွက်တော့ ဆောင်းဦးရာသီရဲ့ အစ နေ့ရက်ပဲ ဖြစ်ပါတယ်..။ (ပူပြင်းမယ့် နွေရာသီရောက်တော့မှာဖြစ်လို့ အပူဒဏ် ကာကွယ်ကြဖို့လည်း ကြိုတင်သတိပေးအပ်ပါတယ်။)
ဒီလို အီကွေတာ တည့်တည့်ပေါ် နေရောင်ခြည်ကျရောက်ခြင်းဟာ တစ်နှစ်မှာ ၂ ကြိမ် ဖြစ်ပါတယ်။ မတ်လ နဲ့ စက်တင်ဘာလ တို့မှာဖြစ်ပါတယ်။ အင်္ဂလိပ်လို Equinox လို့ ခေါ်ပါတယ်။ ကမ္ဘာဟာ ၂၃.၅ ဒီဂရီ တိမ်းစောင်းနေခြင်းကြောင့် ဇွန်လ နဲ့ ဒီဇင်ဘာ လတို့မှာ မြောက်ယဉ်စွန်းချိန် နဲ့ တောင်ယဉ်စွန်းချိန်တို့ ဖြစ်ပေါ်ပါတယ်။ အဲ့ဒါကိုတော့ အင်္ဂလိပ်လို Solstice လို့ ခေါ်ပါတယ်။
နေမင်းကြီး တည်ရှိနေမယ့် နေရာကတော့ Pisces လို့ခေါ်တဲ့ မိန်ရာသီ ကြယ်တာရာပဲ ဖြစ်ပါတော့တယ်..။
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)



 No automatic alt text available.

Image may contain: one or more people, sky, grass, outdoor and nature

Image may contain: one or more people and text





Loading...