ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးမှ လူမင်း အနားယူမည် - Reader Myanmar

Latest Posts

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးမှ လူမင်း အနားယူမည်






အကယ်ဒမီဆုနှင့်အတူတွေ့ရသည့် လူမင်း(ဓာတ်ပုံ−စိုင်းဇော်)

ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌ ရာထူးမှ အနားယူတော့ မည့် လူမင်းက မကြာမီလပိုင်း၌ ပြုလုပ်မည့် ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲကို လောကသားများ စိတ်ဝင်စားရန်တိုက်တွန်းခဲ့သည်။

‘‘ရွေးကောက်ပွဲကျင်းပခဲ့ရင် လည်း လောကသားများအနေနဲ့ တကယ်ကို စိတ်ပါဝင်စားပြီး ပြီးခဲ့ တဲ့ မြန်မာနိုင်ငံကြီး ဒီမိုကရေစီ လမ်းကြောင်းလျှောက်လှမ်းဖို့အ တွက် မြန်မာတစ်ပြည်လုံးကပြည် သူတွေ လက်သန်းတွေရင်းပြီး မဲ ပေးခဲ့ကြတဲ့စိတ်ဓာတ်မျိုး ကျွန် တော်တို့ လောကသားတွေကိုယ့် အလွှာအသီးသီးက ခေါင်းဆောင် ကို မှန်မှန်ကန်ကန်ရွေးချယ်ပေး ကြဖို့၊စိတ်ဝင်စားကြဖို့ ဒီနေရာမှာ အနူးအညွတ် မေတ္တာရပ်ခံပန် ကြားလိုပါတယ်’’ဟု မတ်လ ၁၈ ရက်က ပြုလုပ်ခဲ့သော ရုပ်ရှင်ထူး ချွန်ဆုပေးပွဲတွင် ထည့်သွင်းပြော ကြားခဲ့သည်။

ရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲကို ရုပ်ရှင်လောကသားများ စိတ်ဝင်စားမှုနည်းပါးနေခြင်းကြောင်း ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် မဲပေးသည့်အရေအတွက်ကို ကြည့်လျှင်သိနိုင်ကြောင်း၎င်းက ပြောသည်။

‘‘တချို့လောကသားတွေရဲ့ ပြောစကားအရ ကျွန်တော်ကြား သိရပါတယ်။ မကျေနပ်တဲ့အပေါ် မှာ ငါတို့ရွေးချယ်တာမဟုတ်ဘူး။ မဲပေးတဲ့အထဲ ငါတို့ပါတာမဟုတ် ဘူးဆိုတဲ့အသံ နားနဲ့ဆတ်ဆတ် အကြိမ်ကြိမ်ကြားခဲ့ဖူးပါတယ်။ ဒီ လိုပြောရမယ်ဆိုရင် မဲပေးဖို့ ပျက်ကွက်သူမှာလည်း တာဝန်မကင်း ဘူးလို့ ကျွန်တော့်အနေနဲ့ ပြောချင် ပါတယ်’’ဟု မဲပေးရန် ပျက်ကွက် သူများနှင့်ပတ်သက်၍ လူမင်းက ပြောသည်။

ရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲကို စက်တင်ဘာအတွင်း ပြုလုပ်နိုင်ရန်စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

၂၀၁၃ က ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်းသည် ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌရာထူးမှ ရုတ်တရက်နုတ်ထွက်ခဲ့သောကြောင့် ရုပ်ရှင်အစည်းအရုံးနာယကများနှင့် EC အဖွဲ့ဝင်များက သရုပ်ဆောင်လူမင်းကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ရုပ်ရှင်ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌရာထူးအတွက် အဆိုပြုသူမရှိသောကြောင့်ဟုဆိုကာ လူမင်းက ပြန်လည်ရွေးချယ်ခံခဲ့သဖြင့် ဥက္ကဋ္ဌအဖြစ် ထပ်မံတာဝန်ထမ်းဆောင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လကအစည်းအရုံး၌ အချိန်ပြည့်တာဝန်မထမ်းဆောင်နိုင်သောကြောင့်ဆိုသည့်အကြောင်းပြချက်ဖြင့် လူမင်းက ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့်ပြုရန်အစည်းအရုံးသို့ စာတင်ခဲ့ရာ ရုပ်ရှင်အစည်းအရုံးနာယကများနှင့် ECအဖွဲ့ဝင်များက ရွေး ကောက်ပွဲထပ်မံပြုလုပ်ပြီးချိန်မှ သာ နုတ်ထွက်ရန်မေတ္တာရပ်ခံ ခဲ့သည်။

7Day


Loading...