လောက်ကိုင်မြို့အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ - Reader Myanmar

Latest Posts

လောက်ကိုင်မြို့အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ






လာက်ကိုင်မြို့အတွင်း ယမန်နေ့ညပိုင်းအထိ တိုက်ပွဲများဖြစ်ပွား လျက်ရှိကြောင်း လောက်ကိုင်မြို့နေ ပြည်သူများထံမှ သိရသည်။
''၃၂၂ ဘက်ကိုပစ်တာ တော်တော်များနေပြီဗျ။ ပထမအလုံးတော့ အိမ်နဲ့အရမ်းနီးတယ်။ ဘယ်အိမ်ပေါ်ကျသလဲမသိဘူး။ တပ်ထဲမှာတော့ အိမ်ပေါ်ကျသံ မကြားရသေးဘူး။ အခု ၃၂၂ တပ်ဘက်မှာ လက်နက်ငယ် သံတွေ ပလူပျံနေပြီ''ဟု လောက်ကိုင်ဒေသခံက ပြောသည်။
တိုက်ပွဲများဖြစ်ပွားနေသော်လည်း မြို့လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကိုးကန့်ရဲတပ်ဖွဲ့၊ ကိုးကန့်နယ်ခြား စောင့်တပ်ဖွဲ့များက တပ်မတော်သံချပ်ကာကား နှစ်စီးဖြင့် နေ့စဉ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း၊ မသင်္ကာဖွယ်နေအိမ်ကို ချက်ချင်းဝင်ရောက်စစ်ဆေးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

The Union Daily
Loading...