ဦးဝီရသူကို ဥပဒေနှင့်အညီ အရေးယူပေးရန် သာသနာရေးနှင့် မဟနထံ ကိုဆွေဝင်း တိုင်ကြား - Reader Myanmar

Latest Posts

ဦးဝီရသူကို ဥပဒေနှင့်အညီ အရေးယူပေးရန် သာသနာရေးနှင့် မဟနထံ ကိုဆွေဝင်း တိုင်ကြား






ဆရာတော် ဦးဝီရသူ သည် နိုင်ငံတော်သံဃနာယက အဖွဲ့ကြီး၏ ထုတ်ပြန်ချက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ချိုး ဖောက်နေသောကြောင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေး ရန် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)နှင့် သာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံ စာပို့ တိုင်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူကို အရေးယူပေးရန် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့ထံ မတ်လ ၂၈ ရက်က စာပို့တိုင်ကြားခဲ့ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ထံသို့လည်း စာပို့တိုင်ကြားမည် ဖြစ်ကြောင်း ကိုဆွေဝင်း၏ ဥပဒေအကြံပေး ရှေ့နေဦးခင်မောင်မြင့် က ပြောသည်။

‘‘ဦးဝီရသူကို တည်ဆဲဥပဒေ နဲ့အညီ အရေးယူပေးဖို့ ဒါလေး တစ်ခုပေါ့။ နောက်တစ်ခုက အဲဒီ ထဲမှာပါတဲ့ အကြောင်းအရာက သုံးချက်ပါ။ တစ်အချက်က ထေ ရဝါဒဗုဒ္ဓရဲ့ အဆုံးအမတော်တွေ ထဲမှာ မည်သည့်ဇာတ်တော်မှ မပါသော စကားလုံးတွေ၊ အ ကြောင်းအရာတွေကို သုံးစွဲပြီး တော့ ဟောပြောခြင်းအားဖြင့် ဗုဒ္ဓ သာသနာကို ညစ်နွမ်းစေတဲ့အ တွက် အရေးယူပေးဖို့၊ နံပါတ် (၂)ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား များရဲ့ ဘာသာသာသနာကိုးကွယ် မှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေပေါ့။ အဲဒီပြဋ္ဌာန်းချက်တွေကို ဆန့်ကျင် ပြီးတော့မှ၊ ကျူးလွန်ဖောက်ဖျက် ပြီးတော့မှ ဟောကြားမှုတွေ ပြု လုပ်နေတဲ့အတွက် အဲဒီအတွက် တည်ဆဲဥပဒေများနဲ့အညီ အရေး ယူပေးဖို့ တစ်ချက်၊ နောက်ဆုံး တတိယအချက်ကတော့ မြန်မာ နိုင်ငံမှာရှိသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အဲဒီအမျိုးသမီး များရဲ့ လူ့အခွင့်အရေးများနဲ့ ဂုဏ် သိက္ခာကို စော်ကားထိခိုက်တဲ့ ဟောကြားချက်တွေကို ဆောင် ရွက်နေ၍ ဥပဒေနဲ့အညီ အရေးယူ ပေးဖို့ဆိုပြီးတော့ အချက်သုံးချက် နဲ့ တိုင်တာပါ’’ဟု ရှေ့နေဦးခင် မောင်မြင့်ကပြောသည်။

ဆရာတော် ဦးဝီရသူကို အရေးယူပေးရန် တိုင်ကြားခြင်း သည် လက်တုံ့ပြန်တရားစွဲဆိုခြင်း မဟုတ်ဘဲ ဗုဒ္ဓ၏အဆုံးအမတော် များကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး အမုန်းတရားများကို လုပ်ကြံ ဟောကြားနေသည်ကို အာဏာပိုင်များက ထိထိရောက် ရောက် အရေးမယူ၍ ပြည်သူတစ် ဦးအနေဖြင့် တရားနည်းလမ်းကျ စွာ အရေးယူပေးရန် မေတ္တာရပ်ခံ စာပေးပို့ခြင်းဖြစ်ကြောင်း ကိုဆွေ ဝင်းက Myanmar Journalist Network (MJN)၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် မှတ်ချက်ပြုထား သည်။
‘‘တိုင်ကြားစာက ဒီနေ့ ခုနပဲ ရောက်လာပါတယ်။ တိုင်ကြား စာနဲ့ပတ်သက်ပြီး ခုမှစာရောက် တာဆိုတော့ ပြောလို့မရသေးပါ ဘူး’’ဟု သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။

ကိုဆွေဝင်း၏ တိုင်ကြား စာတွင် ‘‘ဖေဖော်ဝါရီ ၉ ရက် ၂၀၁၇ တွင် ဧရာဝတီတိုင်း ငပု တောမြို့နယ် ကျုံးကူးကျေးရွာ၌ ကျင်းပသော တရားပွဲ၌ ဦးဝိစိတ္တာ ဘိဝံသ (ဦးဝီရသူ)ပြောကြားသည့် (ဒို့တာဝန်အရေးသုံးပါးနှင့် ၉၆၉ တရားတော်)အမည်ရ ဟောပြော ချက်မှာ ဗုဒ္ဓသာသနာ၏ ပဋိကတ် သုံးပုံ၊ နိကာယ်ငါးရပ်တွင် အပါ အဝင် မည်သည့်တရားဒေသနာ တော်မှ ပါဝင်ခြင်းမရှိဘဲ ဗုဒ္ဓဘာ သာဝင် အမျိုးသမီးများအား အရက်သမား၊ ဘိန်းစား၊ ခွေး၊ သံဃာများနှင့် ပေါင်းသင်းဆက် ဆံရန် တိုက်တွန်းထားသည့် ဓမ္မ နှင့်အညီမဟုတ်သော ဟောပြော ချက်ဖြစ်ပါသည်။ အထူးသဖြင့် ကိုယ်ကသာ လုပ်ကြွေးမယ်ဆိုရင် ဗျာ။ သားမှတ်မှတ်၊ မယားမှတ် မှတ် ပေါင်းသင်းမယ့် ယောက်ျား တွေ ပေါလိုက်တာ၊ မရှိဘူးဆို ပြော သံဃာတွေ လွှတ်ပေးမယ်။ အသောက်အစားလည်း ကင်း တယ်ဗျာဟူသော ဟောပြောချက် များသည် ဗုဒ္ဓဘာသာသာသနာ ကိုမျှမက ဗုဒ္ဓသာသနာ၏ ရေ သောက်မြစ်သဖွယ် ဖြစ်သော သံဃာရတနာ သံဃာတော်အ ရှင်သူမြတ်များအား တိုက်ရိုက် ထိခိုက်စော်ကားသည့် ဘာသာ ဖျက်၊ သာသနာဖျက် အဓမ္မဝါဒ ဖြစ်နေပါသည်’’ဟု ပါရှိသည်။

ထို့အပြင် မဟနအဖွဲ့ ထုတ် ပြန်ခဲ့သည့် နောက်ပိုင်းတွင်လည်း ဦးဝီရသူသည် ပါးစပ်တိပ်ဖြင့် ကပ်လျက် ဝစီပိတ်တရားပွဲများ ကျင်းပ၍ နိုင်ငံတော်၏ ဥပဒေပြဋ္ဌာန်းချက်များ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ ထုတ်ပြန် ချက်များကို မထီမဲ့မြင် ဆန့်ကျင်ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထား သည်။
‘‘ဌာနအဖွဲ့အစည်းတွေကို တိုင်ကြားခြင်းဖြစ်တဲ့အတွက် လူ ပုဂ္ဂိုလ်ကို ထိခိုက်နစ်နာစေလိုလို့ လုပ်ကိုင်ဆောင်ရွက်တာတော့ မဟုတ်ဘူးလို့ သုံးသပ်လို့ရတယ်။ တစ်ဖက်ကလည်း အမေရိကန်သံ ရုံးနဲ့ တွေ့ဆုံတဲ့အချိန်မှာ မဘသ ရဲ့ ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်တဲ့ ဆရာတော်ဒေါက်တာဓမ္မ ပီယကနေ ဦးဝီရသူရဲ့ ဟောကြား ချက်တွေသည် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းရဲ့ ဟောကြား ချက်တွေဖြစ်တဲ့အတွက် မဘသ နဲ့ မဆိုင်ဘူးလို့ ငြင်းဆိုထားတာ တွေရှိတယ်’’ဟု ရှေ့နေ ဦးခင် မောင်မြင့်ကပြောသည်။

ဦးဝီရသူသည် ဘာသာတစ် ခုနှင့်တစ်ခုအကြား အမုန်းတရား ပွားပြီး ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်သော ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ ဆော်ဟောပြောမှုများ၊ တရား ဥပဒေစိုးမိုးရေးကို အဟန့်အတား ဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြား ဘက် လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့ ကြိမ်ဖန်များစွာ ပြုလုပ် ခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းသည် နိုင်ငံတော်သံဃမဟာနာယကအ ဖွဲ့က ထုတ်ပြန်သော ညွှန်ကြား လွှာအမှတ် (၈၃)၊ (၉၁)၊ (၉၃)နှင့် (၉၄)တို့ကို ဖောက်ဖျက်ကျူးလွန် ခဲ့သောကြောင့် တစ်နိုင်ငံလုံးတွင် တရားဟောခွင့် တစ်နှစ်ပိတ်ရန် မတ်လ ၁၀ ရက်စွဲဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့အရေး ယူရန် မတ်လ ၉ ရက်တွင် ကျင်းပ ခဲ့သော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါး စုံညီ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

တရားဟောခွင့် တစ်နှစ်ပိတ် ပင်ခံထားရသည့် ဆရာတော် ဦးဝီ ရသူအနေဖြင့် ဆက်လက်တရား ဟောပြောပါက အာဏာဖီဆန်မှု ဖြင့် ဖမ်း၍ ထောင်ချနိုင်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအ ဖွဲ့ (မဟန) ဥက္ကဋ္ဌ ဗန်းမော်ဆရာ တော်က မတ်လ ၂၇ ရက်၌ မိန့် ကြားထားသည်။
တရားဟောပြောခွင့် တစ် နှစ်ပိတ်ပင်ခံရပြီးနောက် ဆရာ တော် ဦးဝီရသူသည် အိမ်မဲ၊ မြစ်ကြီးနား၊ မိတ္ထီလာနှင့် သန်လျင်မြို့ နယ်တို့တွင် ပါးစပ်ကို တိပ်ဖြင့်ပိတ်ပြီး ယခင်ဟောခဲ့သော တရားခွေဖွင့်ကာ အပူဇော်ခံခဲ့သည်။

ကိုဆွေဝင်းကို ဆရာတော် ဦးဝီရသူ၏စေခိုင်းမှုဖြင့် မန္တလေး မဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် မတ်လ ၇ ရက် က မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် အမှတ်(၇) နယ်မြေရဲ စခန်းတွင် အမှုဖွင့်ထားသည်။ ထို့ အပြင် အမျိုးသားရေးလှုပ်ရှားသူ ကိုသက်မျိုးဦးဆိုသူကလည်း ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှုဖြင့် အရေးယူပေးရန် မတ်လ၁၉ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ဦးတိုက်လျှောက် ထားခဲ့သည်။

7Day News Journal
http://www.7daydaily.com/story/92965

Loading...