အမြန်လမ်းမှာ ကားမီးလောင်သေဆုံးခဲ့တာ (၈)ဦး ဟုတ်ပါရဲ့လား..? - Reader Myanmar

Latest Posts

အမြန်လမ်းမှာ ကားမီးလောင်သေဆုံးခဲ့တာ (၈)ဦး ဟုတ်ပါရဲ့လား..?




 အမြန်လမ်းမှာ ကားမီးလောင်သေဆုံးခဲ့တာ (၈)ဦး ဟုတ်ပါရဲ့လား..?


အမြန်လမ်း ၄ မိုင် ၂ ဖာလုံတွင် Hi-Ace (အန်စာတုံး)ကားမီးလောင်၍ အမျိုးသမီး (၇)ဦး အမျိုးသား(၁)ဦး စုစုပေါင်း (၈)ဦး သေဆုံးခဲ့သည့် အမှုကို နိုင်ငံပိုင်သတင်းစာများတွင် မတော်တဆ ယာဉ်ပေါ့ဆမှုအဖြစ် ဖော်ပြခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်ခန့်အား ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားသော်လည်း အဆိုပါ အမှုမှာ သံသယဖြစ်စရာများစွာရှိနေကြောင်း လှုမှုကွန်ယက်ပေါ်တွင် သုံးသပ်ပြောဆိုလျှက်ရှိကြသည်။

အဆိုပါ မီးလောင်မှုတွင် သေဆုံးခဲ့ရသူ မသင်းသင်းမော်၏ ခင်ပွန်းဖြစ်သူ ကိုအေင်ကိုဦးက မတ်လ ၁၁ ရက်နေ့တွင် ကားမီးလောင်နေစဉ် မီးသတ်က ညှိမ်းသတ်နေသော ဗီဒီယိုတစ်ခုကို လူမှုကွန်ယက်ပေါ်တွင် တင်ခဲ့ပြီး အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
ဒါကတော့ ဦးဝင်းထွန်း ရှေ့ခန်းမှာရှိနေမနေဆိုတဲ့သက်သေ
မီးသတ်ကားတောင်ရေမဖြန်းရသေးဘူး ခုံအောက်က ကလစ်ပြုတ်လို့ ခုံကနောက်လန်တယ်ပြောလိုက် ရေအားကြောင့် အလောင်းကနောက်ရောက်သွားတယ်ပြောလိုက် ပြောနေတဲ့ သံသယတွေအတွက်ပါ။
ပြည်သူတွေဆုံးဖြတ်ပေးမဲ့ဒီအမှု ကွယ်လွန်သူတွေငြိမ်းချမ်းကျပါစေ


ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် Speaker ဂျာနယ်တွင် မီလောင်နေသော အလောင်းများကို ကောက်ခဲ့သူ လှည်းကူးမြို့နယ် ကရုဏာရှင်အသင်းမှ ကိုသန်းလွင်၏ ပြောပြချက်အရ အလောင်းများကို ကား၏အတွင်းပိုင်းမှာသာ တွေ့ရှိခဲရပြီး ကားခေါင်းခန်းတွင် မည်သည့် အလောင်းမှ မတွေ့ရှိခဲ့ရကြောင်းပြောဆိုခဲ့သည့်အတွက် အောင်ခန့်၏ ထွက်ဆိုချက် ဦးဝင်းထွန်း ကားခေါင်းခန်းတွင် ခြေထောက်ညပ်နေ၍ ထွက်မရနိုင်ခဲ့ ဆိုသည့်အချက်နှင့် ကွဲလွဲနေခဲ့သည်။

စီအိုင်ဒီမှလည်း ဖော်ပြပါဗီဒီယိုကို ကြည့်ရှုခဲ့ပြီးနောက် မီးသတ်ပိုက်၏ ရေအားကြောင့် ကားခေါင်းခန်းမှ အလောင်း ကားနောက်ခန်းသို့ ရောက်သွားကြောင်း ရှင်းလင်းပြောဆိုခဲ့မှုအပေါ် ယုတ္တိမတန်ကြောင်း၊ အစကထဲက ကားခေါင်းခန်းတွင် မည်သည့် အလောင်းမှ မရှိခဲ့တာကို ဗီဒီယိုတွင် တွေ့နိုင်ကြောင်း ထို့ကြောင့် ဦးဝင်းထွန်း ကားခေါင်းခန်းတွင် မရှိသည်မှာ သက်သေဖြစ်ကြောင်း မီးလောင်သေဆုံးခဲ့သူ၏ ခင်ပွန်း ကိုအောင်ကိုဦးက သက်သေပြချင်ခဲ့သည်။


ကိုအောင်ကိုဦးသည် မီးလောင်သေဆုံးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများထဲတွင် အတက်ကြွဆုံး မိသားစုဝင်ဖြစ်ပြီး သူ၏ဇနီးသည် သေဆုံးခဲ့ရသည့် အဆိုပါအမှုကို အမှုမှန်ပေါ်ပေါက်ရန် အဖက်ဖက်က ကြိုးစားသွားမည်ဟု ဖြစ်ကာစအချိန်ထဲက အွန်လိုင်းပေါ်တွင် ပြောဆို၍ ဝိုင်းဝန်းကူညီကြရန် တောင်းခံခဲ့သူလည်းဖြစ်သည်။
လူမှုရေး အရှုပ်အရှင်းများကိုလည်း ဖုံးကွယ်မထားပဲ ဖွင့်ချသွားမည် ဖြစ်သည်ဟု အဆိုပါ ဗီဒီယိုထဲတွင် ပြောထားခဲ့သော်လည်း မည်ကဲ့သို့သော လူမှုရေးအရှုပ်အထွေးများ ဖြစ်သည်ကို မခန့်မှန်းနိုင်ခဲ့ပါ။



အဖြစ်မှန်ပေါ်ပေါက်ရန် ရှည်ကြာနေသောမှုခင်းများကို စိတ်ပါဝင်စားလျှက် သဲလွန်စများနောက်သို့ တစ်ကောက်ကောက်လိုက်တတ်သည့် အွန်လိုင်းအသုံးပြုသူ လင်းယုန်မာန်က ဦးဝင်းထွန်း၏ နောက်ကြောင်းများကို သူနည်းသူ့ဟန်နဲ့ စုံစမ်းကာ အောက်ပါအတိုင်း ဖွင့်ချရေးသားခဲ့သည်။
၈လောင်းပြိုင် ဆိုတဲ့ ကားမီးလောင်မှုမှာ အထူးခြားဆုံးတိတ်ဆိတ်နေသူက ဦးဝင်းထွန်းမိန်းမ။

ဒရိုင်ဘာအောင်ခန့် ထွက်ဆိုသမျှ ပုံမလာတာသိပေမယ့် ငြိမ်နေတယ်။
ဦးဝင်းထွန်းမိန်းမ ဘက်ကရောင်းက တောင့်တယ်။
အဖေကလည်း အကောင်ထဲက။ အသိုင်းအဝိုင်းက စစ်ဘက်ကပဲ။
ဒါဆို ဝင်းထွန်းမိန်းမက ကြောက်စရာကို မရှိဘူး။
ဝိတ်နဲ့တောင်ဖိလိုက်လို့ရပေမယ့် သူက လုံးဝ အငြိမ်။
သဘောက လူသတ်မှု မှာ ဝင်းထွန်းမိန်းမက အခရာလား ဘာလား။
ကြားရသလောက် ဦးဝင်းထွန်းက စော်ကြည်ဘဲ။
ပွေတယ်။ ရှုပ်တယ် ။ စော်များတယ်။
စဉ်းစားသုံးသပ်နေတာပါ။


ထို့ပြင် မီးလောင်သွားခဲ့သည့် HI-Ace ကားနှင့် မော်ဒယ်အမျိုးစားတူ ကားအတွင်းခန်းကို ဖော်ပြလျှက် မီးလောင်တဲ့အချိန်တွင် အောင်ခန့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် အရှေ့ခန်းသို့ လွယ်ကူစွာ ကူးသွားနိုင်ကြောင်း စီအိုင်ဒီ ရဲမှူးအား တိုင်တည်ကာ ဖော်ပြခဲ့သည်။


CID က အမှု စစ် ရဲမှူး မိုးအောင်သိဘို့။
=======
ဒီလိုကားမျိုးက ဘယ်လို ဘေးတခါးလော့ကျကျ
အနောက်ကနေ အရှေ့ခန်းကို အမြန်ကူးပြီး
အောင်ခန့်ထွက်တဲ့အပေါက်က လိုက်ထွက်လို့ရပါတယ်။
ခရီးသည်မိန်းကလေးတွေက အစကတည်းမေ့မြောခြင်းမရှိနေဘူးဆိုရင်ပေါ့။
(ကားပုံနမူနာပြထားသည်)
ပြင်းထန်စွာတိုက်လို့ သတိမေ့ကြမယ်ဆိုရင်တောင် အောင်ခန့်ထိုင်တဲ့အခြမ်းက ထိုင်သူတွေကလွတ်ပါတယ်။
အောင်ခန့်တောင် စင်းလုံးချောနဲ့ထွက်လာနိုင်သေးတာပဲ။
ဒါကို CIDက ရဲမှူမိုးအောင်သိပါတယ်။




ဒါကြောင့် အမြန်လမ်းကားမီးလောင်မှုဟာ နိုင်ငံပိုင်သတင်းစာများတွင် ပြီးဆုံးခဲ့သော်လည်း အမှန်တရားကို လိုလားသူ ပြည်သူများအကြား ပဟေဋိဖြစ်နေဆဲ အမှုတစ်ခုအဖြစ် လှုမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဘန်သုံးသပ်နေကြဆဲဖြစ်ပါတယ်။

source: Aung Ko Oo, Pyi Moe Aung (facebook)

From : http://www.thadinatin.com/2017/03/blog-post_506.html



Loading...