မိတ်ဆွေများအားလုံးအတွက်၂၀၁၇ မတ်လ ၁၇ ရက်မှ မတ်လ ၃၀ ရက်အတွင်း (၂) ပတ်စာဟောစာတမ်း - Reader Myanmar

Latest Posts

မိတ်ဆွေများအားလုံးအတွက်၂၀၁၇ မတ်လ ၁၇ ရက်မှ မတ်လ ၃၀ ရက်အတွင်း (၂) ပတ်စာဟောစာတမ်း






တနင်္ဂနွေသားသမီးများ

ကံကောင်းပြီးငွေရအံ့။အလုပ်အခြေအနေတိုးတက်အံ့။အထည်အလိပ်၊ထီး၊ဖိနပ် လက်ဆောင်ရတတ်။ လူမျိုးခြား၊ဘာသြာ ခား ကူညီမစတတ်။မထင်မှတ်ပဲ သတင်းကောင်းများကြားရတတ်။ မထင်မှတ်တဲ့ဧည့်သည်များတွေ့ရတတ် ။သတင်းေ ကာင်းများလည်း ကြားရတတ်။ကြီးကဲသူများနဲ့ အယူအဆကွဲလွဲအဆင်မပြေဖြစ်တတ်။အောက်လက်ငယ်သားအတွက် စိ တ်ပူရတတ်။ စက်ပစည်းများ ပျက်ထွက်၊အသစ်လဲရအံ့။စာရွက်စာတမ်း၊စပ်တူရှယ်ယာကိစများစိတ်ညစ်ရတတ်။ နာမည်ဂု ဏ်သတင်းတက်စရာတွေ ကြုံမယ်။ ရာထူးနေရာ အခွင့်အရေးတွေ ကြုံရတတ်ပါတယ်။

နိုင်ငံခြား၊ လူမျိုးခြားကိစ္စတွေလည်း အကျိုးထူးမယ်။ ခရီးကောင်းတွေလည်း သွားရတတ် ပါတယ်။ အလှူမင်္ဂလာအစီ အစဉ်တွေ အောင်မြင်မယ်။ နှလုံးသားရေးကံကောင်းအံ့။အိမ်ထောင်ရေး ကတောက်ကဆအချို့ရှိနေပြီး ကြီးကဲသူများ ၀င်ရှုပ်အံ့။နှလုံးသားချင်း နားလည်နေဖို့လိုအပ်ပါတယ်။

အဖြူရောင်၊အနက်ရောင်များများဝတ်ပါ။ ၀မ်းဗိုက်၊လေ၊လက်၊လည်ပင်းနဲ့ပက်သက်တဲ့ရောဂါများသတိထားပါ။ ကြက်ခွပ် ၊ကားတိုက်၊နတ်ကနား နိမိတ်များတွေ့လျှင်ထီထိုးပါ။ (၇၊၀)များများပါအောင်ထိုးပါ ။

ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သူငယ်ချင်းမိတ်ဆွေများကို နွားနို့နှင့် ကိတ်မုန့် ဒါနလုပ်ပါ။

တနင်္လာသားသမီးများ

စိတ်လေ စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံရတတ်ပါတယ်။ စိတ်ရှည်ရှည်ခေါင်းအေးအေးထားပြီး တိုင် တိုင်ပင်ပင် လုပ်သင့်တဲ့ကိန်းဖြစ်ပါတယ်။ နေရာထိုင်ခင်း အဆောက်အဦးကိစ္စများ မတင်မကျဖြစ်နေ မယ်။ ပြည်တွင်းခရီး၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှုအလုပ်တွေမှာ အလွဲအချော်များနေမယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ အထည်၊ ထီး၊ ဖိနပ်၊ ဓါတ်ပုံ၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းတွေမှာတော့ တိုးချဲ့ပြီးလုပ်သင့်ပါတယ်။ အလုပ်တွေလုပ်ရပြီး ငွေမြုပ်နေတတ်တဲ့ ကိန်း မျိုးဖြစ်ပါတယ်။ ၀န်ထမ်း၊ ရာထူး၊ နိုင်ငံခြားကိစ္စတွေမှာတော့အထူး ကောင်းပါတယ်။အထင်လွဲစွပ်စွဲခံရတာ၊ ပြဿနာကြား ညပ်တာမျိုးတွေ ကြုံရတတ်တယ်။

အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများအနေနဲ့ လမ်းခွဲရမတတ်ဖြစ်တာ၊ ခွဲခွာနေရတာမျိုး တွေ ကြုံရတတ်ပါတယ် ။ရင်ခုန် သံတွေ မညီဘူးဖြစ်နေတတ်ပါတယ်။ အကြောအဆစ်၊ အစာမှားဆေးမှား၊ သွား၊ သွေး၊ ကျန်းမာရေးသတိထားဖို့ လိုပါ တ ယ်။ အထူးသဖြင့်ကတော့ စိတ်ကြောင့်ကျန်းမာရေးညံ့တတ်ပါတယ်။

အနက် ၊ အ၀ါ ရောင်တွေ ကံကောင်းစေပါတယ်။ ထီဝါသနာပါရင် ၅၇ ပူးနေတဲ့ဂဏန်း ရှေ့က ထားပြီးထိုးပါ ။ ဘာသာေ ရးနဲ့ပက်သက်တဲ့ ပုံတော်တွေလက်ဆောင်ရရင်ထိုးပါ။

ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် သူငယ်ချင်းမိတ်ဆွေများကို မုန့်ဟင်း ခါးနှင့်ပဲကြော် ဒါနလုပ်လိုက်ပါ။

အင်္ဂါသားသမီးများ

ငွေရွှင်မယ်။ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ အလုပ်တွေ ချဲ့သင့်၊ တိုးသင့်၊ အရှိန်မြှင့်သင့် တဲ့ အချိန်ပါပဲ။ ကံတရားက ကိုယ့်ကိုမျက်နှာပေးတဲ့ကိန်းဖြစ်ပါတယ်။ စပ်တူကိစ္စ၊ စာချုပ်ကိစ္စတွေတော့ သတိထားပါ။ ကို ယ်တိုးတက်အောင်မြင်လာတဲ့အ ပေါ် မနာလို အပြိုင်အဆိုင်တွေလည်း ပေါလာမယ်။ တမင် ရန်စခံရတတ်တယ်။ အ မှုပတ်တတ်ပါတယ်။ ပြည် တွင်း၊ ပြည်ပခရီးများ မရေမရာဖြစ်တတ်ပါတယ်။

ဆုံးရှုံးမလိုဖြစ်နေတဲ့ရွှေ၊ငွေ၊ပစည်း၊အခွင့်အရေးများပြန်ရတတ်။မိတ်ဟောင်း၊ဆွေဟောင်းများနဲ့ပြန်ဆုံရတတ်။ပြဿနာဟောင်း၊ရောဂါဟောင်းများပြန်ပေါ်လာတတ်။အလုပ်တိုင်း၊နေရာတိုင်းမှာ ကူညီမစမယ့်သူများနေတတ်  ။အောက်လက်ငယ် သားကိုအကြောင်းပြုပြီး စိတ်ချမ်းသာရတတ်။ အချစ်ရေးကံကောင်းနေတတ်။ကိုယ့်ကို စိတ်ဝင်စားသူများလည်းေ ပ်ါလာ တတ်။ အချစ်ရဲ့အရသာကို ကျကျနနကြီး ထိတွေ့ခံစားနေရတတ်။ အိမ်ထောင်ရေးကြည်နူးသာယာစရာများကြုံရတတ်။

အဖြူ၊အစိမ်း၊အနီ များများဝတ်ပါ။ ဆီး၊သွေး၊ဗိုက်၊အစာမှား၊ဆေးမှား နဲ့ပက်သက်တဲ့ရောဂါများသတိထားပါ။ ထီထိုးလျှင် ၂၊၉ များများပါအောင်ထိုးပါ။

ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သူငယ်ချင်းမိတ်ဆွေများကို ရှောက် သီး သုပ် ဒါနလုပ်ပါ။

ဗုဒ္ဓဟူးသားသမီးများ

မထင်မှတ်ဘဲ နိုင်ငံခြား၊ လူမျိုးခြား၊ အဆက်အသွယ်အကူအညီ ပေါ်လာတတ်ပါတယ်။ အောက်လက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်တယ်။ အနီးကပ်လူရင်းထဲက သစ္စာဖောက်သွားတတ်တယ်။ အလှူမင်္ဂလာကိစ္စ၊ မြေကိစ္စ၊ ဖုန်းကိစ္စများ အဆင်မပြေမှုများမယ်။ငွေကိစ္စ၊ ပစ္စည်းကိစ္စ၊ အရောင်းအ၀ယ်ကိစ္စတွေမှာလည်း တေ့လွဲလေးတွေ လွဲ နေတတ်ပါတယ်။ ဘာမဆို၊ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်သင့်တဲ့အချိန်ပါပဲ။ စပ်တူကိစ္စ စာချုပ်လုပ်ငန်းတွေ အောင်မြင်မယ်။ ဆိုင်သစ်၊ အိမ် သစ်၊ နေရာသစ်ကိစ္စတွေအောင်မြင်မယ်။ အဖိုးတန် စက်ပစ္စည်း၊ အိမ်ထောင် ပရိဘောဂတွေ ၀င်မယ်။

ခြေထောက်၊ ခါး၊ ဗိုက်၊ ကျန်းမာရေးဂရုစိုက် သင့်ပါတယ်။ အိမ်ထောင်ရှင်များ ပြေလည်မှုရပြီး တစ်ယောက်တည်း နေလိုစိတ်တွေများနေတတ်ပါတယ်။ ချစ်သူရည်းစားများ ဆွေမျိုးဝင်ရှုပ်လာတတ်တယ်။ စကားတွေ ရှုပ်လို့ ရှင်း ရ တတ်ပါတယ်။ သွေးခွဲလာသူ ဒို့ရန်သူ ၊ ဘယ်သူခွဲခွဲ ဒို့မကွဲ ဆိုပြီး ညီညွတ်နေရမယ့်၊ရင်ခုန်သံတွေ ညီနေရမယ့် အ ချိန်ဖြစ်ပါတယ်။

အညိုရောင် ၊ အနီရောင် တွေ ကံကောင်းစေပါတယ်။ထီထိုးမယ်ဆိုရင် ၁ ၊ ၈ အတွဲလိုက်စတဲ ဂဏန်းဟာ သင့်ကိုအ ကျိုးပေးပါလိမ့်မယ်။

ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် သူငယ်ချင်းမိတ်ဆွေများကို အုန်းသီး ပါတဲ့မုန့် ဒါနလုပ်ပါ။

ကြာသပတေးသားသမီးများ

ဘာသာရေးလုပ်လေလေ ကံကောင်းလေလေကိန်းမျိုးပါပဲ။ ဆွေမျိုးမိတ်ဆွေတို့ရဲ့ မကောင်းသောသတင်းကိုတော့ ကြားရ တတ်ပါတယ်။ အောက်လက်ငယ်သားကိစ္စ၊ ရွှေကိစ္စ၊ အထည်၊ ထီး၊ ဖိနပ်ကိစ္စတွေမှာလည်း စိတ်ညစ်ရတတ်ပါတယ်။ စပ် တူရှယ်ယာကိစ္စတွေလည်း အောင်မြင်မယ်။ ဘာသာရေးအလုပ်၊ ပညာရေးအလုပ်၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားကိစ္စတွေ အ ထူးကောင်းပါတယ်။ မြေ၊ ဖုန်း၊ ဆိုင်၊ စက် ကောင်းသောဝင် ခြင်းများကြုံမယ်၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ၊ ပြောင်း၊ အ င်္ဂါနံ၊ ကြာသပတေးနံအလုပ်တွေ အလုပ်ဖြစ်အကျိုးပေး မယ်။ ငွေကံလည်း ကောင်းနေပါတယ်။ အလှူမင်္ဂလာပွဲတွေ ကြုံ ရတတ်ပါတယ်။

လေထိုး၊ လေအောင့်၊ နှလုံးအား နည်း၊ ဒူး၊ နား၊ သွား၊ သွေး သတိထားသင့်ပါတယ်။ ဒီတစ်ပတ် နာရေးကိစ္စလုံးဝေ ရှာင် သင့်ပါတယ် ။ အိမ် ထောင်ရှင်များ၊ ချစ်သူရည်းစားများ ကောာင်းသောခွဲခြင်း ကြုံရတတ်ပါတယ်။ကိုယ့်ရဲ့စိတ်အစဉ်ကို တစ်နေ့လုံး ၊ တစ်ညလုံး သူကပဲလွှမ်းမိုးနေတတ်ပါတယ်။သူ့အကြောင်းပဲ တွေးမိနေတတ်ပါတယ်။

အဖြူရောင် ၊အ၀ါရောင်တွေ ကံကောင်းစေပါတယ်။ ထီဝါသနာ ပါရင် ၅ ၉ အတွဲလိုက်စတဲ့ ထီဂဏန်းကို ရှာပြီးထိုးသင့် ပါတယ်။

ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက်သူငယ်ချင်းမိတ်ဆွေများကို စမူဆာ နှင့် လက်ဖက်ရည် ဒါနလုပ်ပါ။

သောကြာသားသမီးများ

အဖက်ဖက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေကို အရှိန် မြှင့်ပြီး လုပ်သင့်ပါတယ်။ လုပ်ငန်းသစ် နေရာသစ် အစပြုခြင်းတွေလည်း ကောင်းပါတယ်။ စိတ်ထဲမှာ ဖျတ်ခနဲပေါ်လာရင် ဆတ်ခနဲ လုပ်သင့်ပါတယ်။ ရပ်ေ ၀းပြည်ပ ခရီး ကောင်းတွေကြုံမယ်။ ရပ်ဝေးက စာ၊ ငွေ၊ အဆက်အသွယ်၊ အကူအညီတွေလည်း ရတတ်ပါတယ်။ မိတ် ရင်း ဆရာရင်းတို့ရဲ့ အထင်အမြင်လွဲမှားခြင်းကိုတော့ ခံရတတ်ပါတယ်။

မြေ၊ အမွေ၊ ဖုန်း၊ ကား၊ အထည်၊ လျှပ်စစ် ကိစ္စတွေမှာ အနှောင့်အယှက် အထစ်အငေါ့များမယ်။ သစ်၊ သံ၊ သွပ်၊ ရေထွ က်ကုန်၊ အသီးအနှံ၊ ခရီးသွားလုပ် ငန်းတွေမှတော့ အောင်မြင်မှုကြီးများ ရရှိနိုင်ပါတယ်။ သူတစ်ပါးရဲ့ ပြဿနာမှာ ကြား ညပ်ဖြေရှင်းရတတ်ပါတယ်။ စပ်တူကိစ္စများ မတင်မကျ ဆုံးဖြတ်ရခက်လိမ့်မယ်။ ချစ်သူရည်းစားများ၊ အိမ်ထောင်ရှင်များ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာ ၊ အယူအဆမတူတာ ၊ နားလည်မှုလွဲတာ ၊ ငြင်းခုန်စကားပြောရတာတွေ ဖြစ် တတ်တဲ့ ကာလဖြစ်ပါတယ်။တစ်ယောက်နဲ့သည်းခံစိတ်မွေးသင့်ပါတယ်။

အစိမ်း ၊ အပြာ ၊ အညိုရောင်တွေ ကံကောင်းစေပါတယ် …။ ၀မ်းဗိုက်၊ ဦးခေါင်း၊ အကြောအဆစ်၊ ကျန်းမာရေးသတိပြု သင့်ပါတယ်။ ထီဝါသနာ ပါရင် ၆၊၉ အတွဲလိုက်စတဲ့ ထီဂဏန်းရှာပြီးထိုးပါလေ။

ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သူငယ်ချင်း ၊ မိတ်ဆွေများကို ကြာ ဇံကြော် ဒါနလုပ်ပါ။

စနေသားသမီးများ

စိတ်ရှည်ရှည်ခေါင်းအေးအေးထားပြီး တိုင်တိုင်ပင်ပင် လုပ်သင့်တဲ့အချိန်ဖြစ်ပါတယ်။ အထင်လွဲစွပ်စွဲခံရတာ၊ ပြဿ နာကြားညပ်တာမျိုးတွေ ကြုံရတတ်တယ်။ နေရာထိုင်ခင်း အဆောက်အဦးကိစ္စများ မတင်မကျဖြစ်နေ မယ်။တစ် ဇွတ်ထိုးလုပ်ပြီး အမှားကြုံတတ်ပါတယ်။ သူတစ်ပါးကို ကူညီရတဲ့အလုပ် တွေနဲ့ မနားရအောင်ဖြစ်ရတတ်ပါတယ်။ အလုပ်တွေ တအားလုပ်ရပြီး ငွေကျပ်နေမယ်။ နာမည်ကြီး ထမင်းငတ် ဆိုတဲ့ ကိန်းမျိုးပါပဲ။

စိတ်ညစ်ရမယ့်ဧည့်သည်များတွေ့ရတတ်။စိတ်ညစ်စရာသတင်းများကြားရတတ်။ပညာအသစ်ရတတ်။လူမျိုးခြား၊ဘာသာခြား ကူညီမစတတ်။မိတ်ဆွေရင်း၊ဆရာရင်းတွေရဲ့ အကူအညီကောင်းများလည်းရတတ်။ရစရာပေးစရာငွေများ ထစ်ငေါ့နေ တတ်။နှလုံးသားရေးကြားလူနှောက်ယှက်တတ်။စိတ်သောကရောက်ရတတ်။အိမ်ထောင်ရေး မျက်နှာကြောမတည့် ၊ တ စ်ယောက်မျက်နှာ တစ်ယောက်မကြည့်ချင်ဖြစ်နေအံ့။ကိုယ့်မျက်နှာလည်း ကိုယ်မကြည့်ချင်။

အ၀ါရောင်၊အနက်ရောင်များများဝတ်ပါ။ ခြေထောက်၊ခါး၊သွေးသားနဲ့ပက်သက်နဲ့ရောဂါများ သတိထားပါ။ ဘာသာရေး နဲ့ပက်သက်တဲ့ပစည်းများဝင်လာလျှင် ထီထိုးပါ။၅၊၄ များများပါအောင်ထိုးပါ။

ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သူငယ်ချင်းမိတ်ဆွေများကို အုန်းနို့ ခေါ က်ဆွဲ ဒါနလုပ်ပါ။

မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် ( ရွှေရမ်းထူးလင်း )
Loading...