အကယ်ဒမီစင်မြင့်ပေါ်မှာပြောခဲ့တဲ့စကားနဲ့ပတ်သက်ပြီး အကယ်ဒမီထွန်းထွန်း ရှင်းပြီ - Reader Myanmar

Latest Posts

အကယ်ဒမီစင်မြင့်ပေါ်မှာပြောခဲ့တဲ့စကားနဲ့ပတ်သက်ပြီး အကယ်ဒမီထွန်းထွန်း ရှင်းပြီ






အကယ်ဒမီစင်မြင့်ထက်မှာပြောခဲ့တဲ့ အမှတ်တရစကားတွေက ပျော်လွန်းလို့ပြောခဲ့တဲ့ စကားတွေဖြစ်ပြီး ဘယ်သူ့ကိုမှ ထိခိုက်ဖို့ မရည်ရွယ်ခဲ့ပါဘူးလို့ ထွန်းထွန်းက ဆိုပါတယ်။အကယ်ဒမီဆုယူအပြီး အမှတ်တရပြောခဲ့တဲ့ စကားတွေထဲမှာ တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြောခဲ့တယ်ဆိုတဲ့ ဝေဖန်သံတချို့ ထွက်ပေါ်ခဲ့တာနဲ့ ပတ်သတ်ပြီး အကယ်ဒမီထွန်းထွန်းက ပြန်လည်ရှင်းပြခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်ပြောခဲ့တာက ရက်ပ်သီချင်းဆိုတဲ့ သူတွေအားလုံးရဲ့ကိုယ်စား ကျွန်တော်ကဂုဏ်ယူပြီးပြောခဲ့တာပါ။
ကျွန်တော်ဘယ်သူ့ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ကျွန်တော့်ကို ထိခိုက်ရင်လည်း ကျွန်တော်မသိဘူး။
ကျွန်တော်အဲဒီလိုနေတတ်တဲ့သူ။ကျွန်တော်စင်ပေါ်မှာပြောခဲ့တာကတော့ ကျွန်တော်အဲဒီအချိန်မှာ ပျော်နေတဲ့ဖီလင်အတိုင်းပြောတယ်။ကျွန်တော်တို့ လူငယ်ထုကိုယ်စားပြုထဲမှာလည်း ကိုယ်လုပ်ချင်တဲ့အလုပ်ကို ကိုယ်ဖြစ်ချင်တဲ့အလုပ်ကိုတစိုက်မတ်မတ်ကြိုးစားရင်ဖြစ်လာတယ်ဆိုတဲ့ဟာလေးပြောချင်တာပါ။အဲဒီတော့တွေးတဲ့သူတွေကPositive thinking ရှိသလို negative thinking လည်းရှိမှာပေါ့။” လို့ ထွန်းထွန်းက ပြောပါတယ်။အုတ်ကြားမြက်ပေါက်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပေမယ့်လည်း ခိုးဆိုးလုနိုက်ဇာတ်ကားရဲ့ ဇာတ်ကောင် စံပြာအတွက်လည်း၉၀ရာခိုင်နူန်း အကောင်းဆုံးသရုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

“ကျွန်တော်စံပြာကိုရော ဖိုးသိကြားကိုရော နှစ်ယောက်လုံးကို ကျွန်တော်ကြိုက်တယ်။ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ကြည့်တဲ့အခါမှာ ဇာတ်ထဲမှာ ၉၀ရာခိုင်နူန်းလောက်တာဝန်ကျေခဲ့တယ်လို့ ခံစားရတယ်။ကျန်တာကတော့ကိုယ်လုပ်ချင်ပေမယ့် မလုပ်တတ်ခဲ့တဲ့ သရုပ်ဆောင်မူတွေလည်း ရှိခဲ့တယ်။ဒါရိုက်တာကတော့ ရပြီဆိုပြီးလွှတ်ပေးခဲ့တာ။ကျွန်တော်ကိုယ်တိုင်ကတော့ သရုပ်မဆောင်နိုင်ခဲ့တဲ့ဟာတွေကို ကြိုးစားလေ့လာနေရတုန်းပဲ။” လို့ ထွန်းထွန်းက ပြောပါတယ်။
ပထမဆုံးအကြိမ်အကယ်ဒမီဆုရရှိခဲ့တဲ့ ထွန်းထွန်းက ယခုနှစ်အပိုင်းအခြားမှာတော့ ဂီတထက်ရုပ်ရှင်ရိုက်ကူးရေးတွေနဲ့ပဲ အချိန်ကုန်နေမှာပါလို့ ဆိုပါတယ်။
ခတ္တာဖြူ
http://www.kumudranews.com
Loading...