ေရႊစင္စႀကၤာ ခရီးသည္တင္ယာဥ္ႏွင့္ ဆုိင္ကယ္တုိက္၊ ၂ ဦးေသဆုံး - Reader Myanmar

Latest Posts

ေရႊစင္စႀကၤာ ခရီးသည္တင္ယာဥ္ႏွင့္ ဆုိင္ကယ္တုိက္၊ ၂ ဦးေသဆုံး






ေရႊစင္စႀကၤာခရီးသည္မွန္လံုယာဥ္နဲ႔ ဆိုင္ကယ္မ်က္ႏွာခ်င္းဆိုင္တိုက္မိလုိ႔ ဆိုင္ကယ္ယာဥ္ေမာင္းနဲ႔ ေနာက္မွာ စီးလာသူ ေသဆံုးခဲ့ပါတယ္။ မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ လမိုင္းနယ္ေျမရဲစခန္းပိုင္ ေရး-ေမာ္လၿမိဳင္ သြားကားလမ္းမေပၚရွိ လိေမၼာ္ၿခံနဲ႔ ေအာင္သေျပေက်းရြာ ႏွစ္ကရင္ရြာလမ္းခြဲအနီးမွာ မတ္လ ၂၅ ရက္ ညေန ၅ နာရီေက်ာ္ေလာက္က တုိက္မႈ ျဖစ္ပြားခဲ့တာပါ။ အခင္းျဖစ္ပြားတဲ့ ေနရာမွာပဲ ဆိုင္ကယ္ယာဥ္ေမာင္းနဲ႔အတူ လုိက္ပါလာတဲ့ အမ်ိဳးသမီး ေသဆံုးခဲ့တယ္လုိ႔ ေရးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး႐ုံး မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ ျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ ရဲတပ္ဖြဲ႔က မွန္လံုယာဥ္ေမာင္းကုိ တုိင္တန္းမႈ ျပဳလုပ္ၿပီး အမႈဖြင့္ အေရးယူထားပါတယ္။

DVB

Unicode

ရွှေစင်စင်္ကြာခရီးသည်မှန်လုံယာဉ်နဲ့ ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိလို့ ဆိုင်ကယ်ယာဉ်မောင်းနဲ့ နောက်မှာ စီးလာသူ သေဆုံးခဲ့ပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းနယ်မြေရဲစခန်းပိုင် ရေး-မော်လမြိုင် သွားကားလမ်းမပေါ်ရှိ လိမ္မော်ခြံနဲ့ အောင်သပြေကျေးရွာ နှစ်ကရင်ရွာလမ်းခွဲအနီးမှာ မတ်လ ၂၅ ရက် ညနေ ၅ နာရီကျော်လောက်က တိုက်မှု ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားတဲ့ နေရာမှာပဲ ဆိုင်ကယ်ယာဉ်မောင်းနဲ့အတူ လိုက်ပါလာတဲ့ အမျိုးသမီး သေဆုံးခဲ့တယ်လို့ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က မှန်လုံယာဉ်မောင်းကို တိုင်တန်းမှု ပြုလုပ်ပြီး အမှုဖွင့် အရေးယူထားပါတယ်။

Loading...