အရွယ်တင်နုပျိုသောရုပ်ရည်ကို ပိုင်ဆိုင်နိုင်စေမည့် မျက်နှာလေ့ကျင့်ခန်းများ - Reader Myanmar

Latest Posts

အရွယ်တင်နုပျိုသောရုပ်ရည်ကို ပိုင်ဆိုင်နိုင်စေမည့် မျက်နှာလေ့ကျင့်ခန်းများ




Image result for gentleman with no shirt
သင့်ရဲ့မျက်နှာနဲ့ လည်ပင်းတစ်လျှောက်မှာ ကြွက်သားပေါင်း (၅၇)ခုခန့် ရှိပါတယ်။ ဒီကြွက်သားတွေကို နေ့စဉ် လေ့ကျင့်ခန်းလုပ်ရမှာ လစ်လျူရှုထားမိနိုင်ပါတယ်။ လည်ပင်းအောက်ဖက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်တတ်ကြပေမယ့် သင့်ရဲ့မျက်နှာကြွက်သားတွေကို ဘာကြောင့် မလေ့ကျင့်ပေးတာပါလဲ။ သင့်မျက်နှာက ကြွက်သားတွေကို လေ့ကျင့်ပေးခြင်းအားဖြင့် မေးရိုးကို ထင်ရှားပေါ်လွင်စေသလို ပါးရိုးတွေကို သန်မာစေပြီး မျက်နှာပြင်က အဆီပိုတွေကိုလည်း လျော့နည်းသွားစေပါတယ်။ နောက်ထပ်ထူးခြားချက်က သင့်ကို ငယ်ရွယ်နုပျိုတဲ့မျက်နှာကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ မျက်နှာအပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားတွေက အသက်(၂၅)နှစ်ကစတင်ပြီး ပျက်ဆီးလာလေ့ရှိပါတယ်။ ဒါ့ကြောင့် အခြာခန္ဓာကိုယ်ကြွက်သားတွေကို လေ့ကျင့်ပေးပြီး မျက်နှာကြွက်သားတွေကို မလေ့ကျင့်ပေးဘူးဆိုရင် မျက်နှာအရေပြားတွဲကျပြီး အိုမင်းရင့်ရော်စေမှာ ဖြစ်ပါတယ်။

လေ့လာဆန်းစစ်မှုတွေအရလည်း မျက်နှာသွယ်သွယ်နဲ့ အမျိုးသားတွေဟာ ကျန်းမာရေးပိုကောင်းပြီး၊ ၀င်ငွေပိုကောင်းသလို အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ထူးခြားတဲ့ မျက်နှာမျိုး ပိုင်ဆိုင်ရဖို့အတွက် မျက်နှာကြွက်သားလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ မျက်နှာကြွက်သားတွေဟာ အရမ်းသေးငယ်တာကြောင့် တုံ့ပြန်မှုမြန်ဆန်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေကို မှန်ကန်တဲ့အစားအသောက်၊ အသားအရေထိန်းသိမ်းမှုနဲ့ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေနဲ့ တွဲဖက်လေ့ကျင့်မယ်ဆိုရင် အချိန်တစ်လအတွင်း သိသာထင်ရှားတဲ့ ရုပ်ရည်သွင်ပြင် ပြောင်းလဲတိုးတက်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၁။ Eye Squeeze

လုပ်ဆောင်ရန် ။ ။ မျက်နှာကို တင်းရင်းသွားစေရန် သင့်ရဲ့နှုတ်ခမ်းတွေကို အောက်ဖက်ကိုဆွဲချပါ။ ပြီးတော့ ဆွဲချထားတဲ့အတိုင်း နှုတ်ခမ်းတွေကို ညာဖက်သို့ ရွဲ့ပြီဆွဲလိုက်ပါ။ ညာဖက်မျက်လုံးကို တစ်ကြိမ်လျှင် အချိန်တစ်စက္ကန့်စီဖြင့် (၁၀)ကြိမ်ညှစ်ပိတ်ပါ။ ပြီးရင် နောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။

သင့်မျက်လုံးတ၀ိုက်က ကြွက်သားတွေကို လေ့ကျင့်ပေးတာဖြစ်ပါတယ်။ မျက်လုံးကိုဆွဲပိတ်ထားချိန်မှာ မျက်နှာအရေပြားကို တင်းရင်းစေမှာဖြစ်ပါတယ်။ မျက်လုံးနားက အရေးအကြောင်းတွေကို ပျောက်ကင်းစေပါတယ်။

တစ်ဖက်လျှင် (၁၀)ကြိမ် (၃)ကျော့ လုပ်ဆောင်ပါ။

၂။ Jawline Roll

သင့်မျက်နှာကို အထိုးခံရခါနီး မျက်လုံးစုံမှိတ်ပြီးတင်းထားသလို တင်းထားပါ။ နှုတ်ခမ်းတွေကို ကျုံ့စုပြီး ညာဖက်သို့ ရွဲ့လိုက်ပါ။ မေးရိုးတစ်ဖက် တင်းလာပါလိမ့်မယ်။ ဒီအခါမှာ အားသုံးပြီး EW Charles ဟု ကျယ်ကျယ်ပြောပါ။ ကျယ်ကျယ်ပြောလေ အကျိုးသက်ရောက်မှုများလေဖြစ်ပါတယ်။ သွားမကြိတ်မိအောင်တော့ သတိထားပါ။

ဒီလေ့ကျင့်ခန်းမှာ မေးရိုးအောက်ဖက် ကြွက်သားတွေကိုဆွဲတင်တားပြီး EW Charles လို့ ပြောချိန်မှာ ပါးစပ်အတွင်း လျှာလှုပ်ရှားမှုကို မေးရိုးကို တောင့်တင်းသန်မာစေမှာဖြစ်ပါတယ်။

တစ်ဖက်လျှင် (၁၀)ကြိမ် (၃)ကျော့လုပ်ဆောင်ပါ။

သင့်ရဲ့လျှာကို အပေါ်သွားတွေရဲ့ ခြေရင်း အာခေါင်မှာ ဖိကပ်ထားပါ။ အပေါ်ဖက်အာခေါင်နဲ့ လျှာတစ်လုံး ထိနိုင်သမျှထိအောင် အားထည့်ပါ။ ပြီးရင် “အမ်း” ဟုအသံရှည်များထွက်အောင် လုပ်ဆောင်ပါ။

ဒီလေ့ကျင့်ခန်းက မေ့စေအောက်ဖက်ရှိ တွဲကျနေသောအရေပြားနဲ့ ကြွက်သားတွေကို တင်းရင်းစေမှာဖြစ်ပါတယ်။

တစ်နေ့လျှင် (၁၀)ကြိမ်(၃)ကျော့လုပ်ဆောင်ပါ။

၎။ Brow lift

လက်ညှိုးလက်ခလယ် နှစ်ချောင်းကိုပူးကပ်ပြီး လက်သည်းများရှိရာဖက်နှင့် မျက်ခုံးတစ်ခုစီပေါ်တွင် ဖိကပ်ထားပါ။ သင့်မျက်ခုံးတွေကို အောက်ဖက်ကိုကျနေတဲ့အထိ ဖိထားပါ။ ပြီးရင မျက်ခုံးကို ပင့်တင်လိုက် ပြန်ချလိုက် ထပ်ကာထပ်ကာလုပ်ဆောင်ပါ။

လက်ချောင်းများနှင့်ဖိထားခြင်းဖြင့် မျက်ခုံးပေးမှာ အလေးချိန်ရှိပြီး နှဖူးကြွက်သားတွေကို တင်းရင်းစေမှာ ဖြစ်ပါတယ်။

တစ်နေ့ကို (၁၀)ကြိမ် (၃)ကျော့လုပ်ဆောင်ပါ။

၅။ Chenching

သင့်ရဲ့သွားတွေကို အချိန်(၃)စက္ကန့်လောက်ကြာအောင် တင်းတင်းစေ့ပြီး အံ့ကြိတ်ထားပါ။ ဒီလိုစေ့ထားတဲ့အခါမှာ သွားဆရာဝန်မှာ သီးသန့်ပြုလုပ်ထားတဲ့ အံဖုံးတစ်ခုကို အသုံပြုပါ။ ဒါမှ သွားချင်းမကြိတ်မိအောင်နဲ့ အဆစ်မလွဲသွားအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းက မေးရိုးကိုတောင့်တင်ခိုင်မာစေပါတယ်။

တစ်နေ့ကို (၁၀)ကြိမ် (၃)ကျော့လုပ်ဆောင်ပါ။

၆။ OO—EE

သင့်ရဲ့ပါးစပ်ကို ဖွင့်ပြီး သွားတွေကိုမထိစေပဲ နှုတ်ခမ်းတွေကို ပြန်စိပိတ်လိုက်ပါ။ ပြီးရင် အိုး…အီး…စသဖြင့် အသံထွက်အောင်လုပ်ဆောင်ပါ။

ဒီလေ့ကျင့်ခန်းက သင့်ပါးစပ်နားတ၀ိုက်က ကြွက်သားတွေ၊ နှုတ်ခမ်းဘေးဘက်နဲ့ အပေါ်နှုတ်ခမ်းနဲ့နှာခေါင်းကြား ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

တစ်နေ့ကို (၁၀)ကြိမ် (၃)ကျော့လုပ်ဆောင်ပါ။

၇။ Sagging Chin

သင့်ရဲ့တံတောင်ဆစ်တွေကို စားပွဲပေါ်မှာ တင်ထားပြီး လက်သီးဆုပ်နဲ့ မေ့စေ့ကို ထောက်ထားပါ။ ပြီးရင် ပါးစပ်ကို အားသုံးပြီး ဖွင့်ပါ။ ခဏဖွင့်ထားပြီး ပြန်ပိတ်ပါ။

ဒီလေ့ကျင့်ခန်းကတော့ မေးစေ့အောက်ဖက်က ကြွက်သားတွေနဲ့ မေးရိုးကို သန်စွမ်းစေပါတယ်။

တစ်နေ့လျင် (၁၀)ကြိမ်(၃)ကျော့

၈။ Lower Jowl Lifter Routine

သင့်ရဲ့ညာဖက်လက်ကို ညှပ်ရိုးပေါ်မှာတင်ထားပြီး အောက်သွားတွေကို အောက်နှုတ်ခမ်းနဲ့ ဖုံးထားပါ။ သင့်ရဲ့ခေါင်းကို နောက်ဖက်သို့ လှန်ပြီး မျက်နှာကြွက်သားတွေကို ပါးစပ်ဆီသို့ ဆွဲစုပါ။ ခဏထိန်းထားပါ။ ပြီးရင် မျက်လုံးကို အပေါ်ဖက်ကြည့်ရင် ဖြေလျှော့ချပါ။ ညာဖက်ပြီးရင် ဘယ်ဖက်ပြောင်းလုပ်ပါ။

ဒီလေ့ကျင့်ခန်က မေးရိုးနေရာကို လေ့ကျင့်ပေးတာဖြစ်ပါတယ်။

ဘယ်ညာ (၅)ကြိမ်စီ (၁၀)ကြိမ်(၄)ကျော့လုပ်ဆောင်ပါ။

၉။ Jawbone Restorer

သင့်ရဲ့လက်မနှစ်ချောင်းကို ဘေးချင်းကပ်ယှဉ်ထားပြီး မေးစေ့ထိပ်ပိုင်းမှာထားပါ။ ကျန်လက်ချောင်းများက နားတစ်ဖက်စီရဲ့အောက်ဖက်မှာရှိနေပါစေ။ ပြီးရင် လက်မတွေရဲ့ထောက်ကန်အားကို ဆန့်ကျင်ပြီးမေးစေ့ကို အောက်ဖက်သို့ဖိချပါ။ သင့်ရဲ့လက်မတွေက မေးရိုးတစ်လျှောက်ရွှေ့သွားပြီး နားရွက်နားထိရောက်သွားပါစေ။

မေးရိုးသန်မာထင်ရှားစေဖို့ဖြစ်ပါတယ်။

တစ်နေ့ကို (၁၀)ကြိမ်လုပ်ဆောင်ပါ။

၁၀။ Double Chin Slide

သင့်လက်ဝါးတွေကို မေးစေ့အောက်မှာထားပြီး ပါးစပ်ပိတ်ထားပါ။ အောက်မေးရိုးကို တတ်နိုင်သမျှအောက်ဖက်သို့ နှိမ့်ချပါ။ ပြီးရင် လက်ဝါးတွေနဲ့ဖိအားပေးပြီး မေးနှစ်ထပ်ဖြစ်နေတဲ့နေရာတစ်လျှောက် နားထင်ရောက်သည်အထိ လျှောသွားပါ။

မေးစေ့အောက်ဖက်ကြွက်သားများကို တင်းရင်းစေပြီးမေးနှစ်ထပ်ဖြစ်ခြင်းကို ပျောက်ကင်းစေပါတယ်။

တစ်နေ့ကို (၁၀)ကြိမ်လုပ်ဆောင်ပါ။

၁၁။ Cheek Firmer

သင့်လက်ညှိုးကို မျက်လုံးအောက်ဖက် ပါးရိုးအပေါ်ဖက်မှာ ထားရှိပါ။ ပြီးရင် ပါးစပ်ကို ဖွင့်နိုင်သလောက် ဖွင့်ပြီး နှုတ်ခမ်းတွေနဲ့ သွားတွေကို ဖုံးထားပါ။ ပြီးရင် ပါးစပ်ထောင့်တွေကို သုံးပြီး ပြုံးပါ။ ပြီးရင်ပြန်လျှော့ပါ။

ဒီလေ့ကျင့်ခန်းက မေးရိုးကိုထင်ရှားပေါ်လွင်စေဖို့ဖြစ်ပါတယ်။

အကြိမ်(၄၀)လုပ်ဆောင်ပါ။

Credit : Gentleman


Loading...