ခွင့်လွှတ်တယ်ဆိုတာ ဘာလဲ။ - Reader Myanmar

Latest Posts

ခွင့်လွှတ်တယ်ဆိုတာ ဘာလဲ။




Image may contain: one or more people and text

Image may contain: text

Image may contain: text

Image may contain: text

Image may contain: text

Image may contain: sky, text, nature and outdoor

Image may contain: text

ခွင့်လွှတ်တယ် ဆိုတာ ကိုယ့်ကျောကို စိုက်နေတဲ့ ဓါးကို ကိုယ့်လက်နဲ့ကိုယ် ပြန်ဆွဲထုတ်လိုက်ခြင်းသာ ဖြစ်တယ်။ ဘယ်လောက် နာနေနေ သူ့ကို ပြန်ထိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွဲထုတ်လိုက်တာ မဟုတ်ပါဘူး။ ကိုယ် နာတာ ပျောက်ဖို့သာ ဆွဲထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

====================
ခွင့်မလွှတ်ရင် ဘာဖြစ်နိုင်လဲ။ 
====================

အင်္ဂလိပ် ဆိုရိုးစကားလေး တစ်ခု ရှိပါတယ်။ "Conflict cannot survive without your participation" တဲ့။ "ပဋိပက္ခဟာ ကိုယ့်ဘက်က ပါဝင်ပတ်သက်တာ မလုပ်ရင် သက်ဆိုးမရှည်တတ်" လို့ အဓိပ္ပာယ် ရပါတယ်။

====================
ဘာ့ကြောင့် ခွင့်လွှတ်ရမှာလဲ။
====================

လူဆိုတာ အသက်ကြီးလာလေလေ အချိန်နည်းလာလေလေ ဖြစ်ပြီး အချိန်နည်းလာလေလေ နေထိုင်ချိန်လေးဟာ တန်ဖိုးရှိလာလေလေ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အရေမရ အဖတ်မရ ဒေါသတွေ အပြန်အလှန် ထွက်နေတဲ့ ကြားမှာ မရင်းပစ်သင့်ဘူး။ ပျော်ပျော်နေပါ။ မေတ္တာထားပါ။

====================
ခွင့်လွှတ်ဖို့ ဘယ်လို အလေ့အကျင့်နဲ့ စတင်ရမလဲ။
====================

ဒေါသ အပြန်အလှန် ထွက်လာစေနိုင်တဲ့ အပြုအမူလေးတွေကို သူ့ဘက်ကလာတာ မရှောင်နိုင်ရင်တောင်မှ ကိုယ့်ဘက်က မစတင် လိုက်ပါနဲ့။ ဒါ့ကြောင့် အရာရာမှာ ရိုးသားပါ။ ကိုယ့်ဘက်က သန့်ရှင်းမှုနဲ့သာ စတင်ပါ။

====================
ဘယ်လိုနည်းတွေနဲ့ အစားထိုး တုံ့ပြန်ကြမလဲ။
====================

အဝတ်ကင်းနေတဲ့ ကလေးကို အဝတ်ပေးရသလို ဆော့ပြီး ပြန်မထားတတ်တဲ့ ကလေးကို ပြန်ထားပြ ရပါတယ်။ အဲဒီလိုပါပဲ။ စာနာမှု ကင်းနေတဲ့လူကို စာနာ ပေးကြည့်ပါ။ မေတ္တာမထားတတ်တဲ့ လူကို မေတ္တာထားပြပါ။ ရွှံ့ထဲမှာ နစ်နေတဲ့ ပတ္တမြားဟာ ရွှံ့ဖြစ်သွားရိုး ထုံးစံ မရှိပါဘူး။ တလောကလုံး ကိုယ့်ကို မုန်းကြပါစေ။ ကိုယ့်ဘက်က အမြဲ နှလုံးလှနေဖို့သာ လိုအပ်ပါတယ်။

====================
ခွင့်လွှတ်တဲ့ အကျိုးရလဒ်က ဘာလဲ။
====================

ဘယ်သူတွေ ကိုယ့်ကို ဘယ်လိုပင် မြေမြှုပ်လိုက်ပါစေ။ ကိုယ့်ဘက်က မျိုးစေ့ ဖြစ်နေဖို့ပဲ လိုတယ်။ မျိုးစေ့သာမှန်လိုက်... အပင် အဖြစ်နဲ့ ပြန်ဖောက်ထွက်လာလိမ့်မယ်။

====================
ဘယ်လမ်းကို လျှောက်မလဲ။
====================

ဘယ်သူမှ ကိုယ့်ဖိနပ်ကို အတင်းလု လျှောက်လို့ မရဘူး။ ကိုယ်မှန်တယ် ထင်တဲ့ လမ်းကိုသာ ကိုယ့်ခြေထောက်နဲ့ ရဲရဲလျှောက်ပါ။

#kyawnge


Loading...