စာမေးပွဲမဖြေခင်ညမှာ ဘာတွေလုပ်ရမလဲ။ - Reader Myanmar

Latest Posts

စာမေးပွဲမဖြေခင်ညမှာ ဘာတွေလုပ်ရမလဲ။




လူတိုင်းစာမေးပွဲမဖြေခင်ညရဲ့ ခါးသီးမှုတွေကို ကြုံဖူးကြမှာ။

No automatic alt text available.

ဘယ်လောက် ပြင်ဆင်ထားတဲ့စာမေးပွဲဖြစ်ဖြစ် အောင်ချင်တဲ့သူတစ်ယောက်အတွက်တော့ အနည်းနဲ့အများစိတ်ပူပန်တတ်ကြတာ မဟုတ်လား။ ဒီလို ခံစားမှုတွေကို နည်းနည်းလောက်ဖြစ်ဖြစ် ဖြေဖျောက်နိုင်အောင် အချက်အလက်တွေရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။

(၁)အိပ်ရေးဝအောင် အိပ်ပါ။

အချိန်မှန်မှန်အိပ်ပြီး အချိန်မှန်မှန်အိပ်ယာထတာဟာ စိတ်ဖိစီးမှုကို လျော့ချနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ပုံမှန်အိပ်ချိန်ရှိတာဟာ လူ့ခန္ဓာ ကိုယ်ရဲ့ အမြင့်မားဆုံးသော လုပ်ဆောင်ချက်တွေရဖို့ အထောက်အကူပြုပါတယ်။ သုတေသနများအရ ပုံမှန်အိပ်ချိန်ရှိတဲ့ ကျောင်းသားတွေဟာ အိပ်ချိန်မမှန်၊အိပ်ရေးမ၀တဲ့ ကျောင်းသားတွေထက် ၃၀%စွမ်းဆောင်နိုင်ရည်ပိုမြင့်တယ်လို့ဆိုပါတယ်။

(၂)သောက်နေကျ ကော်ဖီ၊စားနေကျ အစားအသောက်တွေကို ပုံမှန်ဆက်လက်မှီဝဲပါ။

ပုံမှန်စားနေကျ အစားအစာတွေကို စာမေးပွဲဖြေခါနီးမှာ တိုးလဲမတိုး၊လျော့လဲမလျော့စေပဲ စားသောက်ပါ။ အစားအသောက် ပြောင်းလဲသွားလို့ ခန္ဓာကိုယ်တွင်း သကြားဓာတ်ပြောင်းလဲသွားရင် ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်မှုတွေ ပြောင်းလဲသွားနိုင်တယ်။

(၃)အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

စာမေးပွဲဖြေခါနီး စိတ်ပူပန်မှုတွေ သိပ်များလာပြီဆိုရင် အသက်ကို ဖြည်းဖြည်းချင်းရှူသွင်း၊ရှူထုတ်ပြီး စိတ်ကိုဖြေလျော့ပါ။
“င့ါစိတ်ကို တည်ငြိမ်အောင်ထားမယ်။”လို့ တိုးတိုးရွတ်ပါ။စာမေးပွဲခန်းထဲ
ဝင်ခါနီးမှာလည်း အသက်ရှူလေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

(၄)မဖြေခင်ညမှာ စာမကျက်ပါနဲ့။

စာမေးပွဲမဖြေခင်ညမှာ စာကျက်တာဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကို ပိုများစေပါတယ်။ ဒါကြောင့် စာမေးပွဲ မဖြေခင်ညမှာ
ဝတ္တုဖတ်၊တီဗီကြည့်၊ရုပ်ရှင်ကြည့်ပြီး အေးအေးလူလူကျော်ဖြတ်သင့်ပါတယ်။

(၅)အရေးကြီးတဲ့ ခေါင်းစဉ်တွေလောက်ပဲ စာပြန်နွှေးပါ။

အကယ်လို့များ စာမေးပွဲမဖြေခင်ညမှာ စာမဖတ်ပဲ မနေနိုင်ဘူးဆိုရင် ကိုယ်ပိုင်နိုင်ပြီးသား အရေးပါတဲ့ အခန်းကြီးတွေလောက် ကိုပဲ စာပြန်နွှေးပါ။ အသစ်တွေကို မဖတ်ပါနဲ့။ ကိုယ်ကြေညက်ပြီးသား အခန်းတွေကို ပြန်နွှေးခြင်းဖြင့် မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှု ရှိနေပါစေ။

(၆)စာမေးပွဲတွင်း လုပ်ဆောင်စရာများ အစီအစဉ်ချမှတ်ထားပါ။

စာမေးပွဲအတွက် စာကျက်နေတယ်ဆိုတယ်ဆိုတာဟာ စာမေးပွဲကို ဘယ်လိုပုံစံနဲ့ချည်းကပ်မလဲဆိုတာကို လေ့လာတာပါပဲ။စာ
မေးပွဲအတွင်း မထင်မှတ်တဲ့မေးခွန်းတွေနဲ့ ကြုံလာရတဲ့အခါ ဘယ်လိုဖြေရမလဲဆိုတာတွေ ပြင်ဆင်ထားဖို့လဲလိုပါတယ်။ပြည့်ပြည့်စုံစုံ ပြင်
ဆင်ထားရင် စိတ်ပူပန်ရမှုလည်း နည်းတာပေါ့။

(၇) အောင်စိတ်မွေးပါ။

“ငါအောင်ပါ့မလား။ ဒီလောက် ကျက်ထားတာတောင် မအောင်လောက်ဖူးထယ်တယ်။” ဆိုတဲ့ တကိုယ်တော်ပူပန်စိုးရိမ်မှုတွေကို
မွေးမြူနေမယ့်အစား “ငါ တတ်နိုင်သမျှ အကောင်းဆုံးကိုလုပ်မယ်။” ဆိုတဲ့ အောင်စိတ်မွေးပါ။

(၈)အချိန်လုံလုံလောက်လောက်ယူပြီး စာမေးပွဲအတွက် ကြိုတင်ပြင်ဆင် ထားပါ။

အရေးကြီးဆုံးအချက်ပါပဲ။ အမှန်တော့ စာမေးပွဲဖြေခါနီး ညမှာ စာဖတ်ခြင်းဟာ စာမေးပွဲအောင်တာ၊ရှုံးတာအတွက် အရေးမပါတော့ပါ။ စာမေးပွဲဖြေဆိုရာမှာ မက ဘယ်လိုအလုပ်မျိုးကို လုပ်လုပ် လုံလောက်တဲ့
ဝီရိယအားထုတ်မှုနဲ့ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

Credit :  Original Writer

Loading...