Breaking News

သဉ္ဇာနွယ်ဝင်းနှင့် သူမကို မြွေမြွေချင်းခြေမြင်တယ်ဆိုပြီး ပြောလာတဲ့ သူတွေနှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားလိုက်တဲ့ မိုးယုစံ

မိုးယုစံဟာ သူမ မင်္ဂလာဆောင်ခါနီးတုန်းက ထွက်လာတဲ့ ကောလဟာလတွေနှင့် ပတ်သက်ပြီး ဘာမှဖြေကြားခြင်း မရှိခဲ့သလို သူမ ရဲ့ ခင်ပွန်းကလည်း သူမ ရဲ့ အတိတ်ကို နားလည်းပြီး ယုံကြည်ခဲ့တဲ့ အတွက် သာယာတဲ့ မိသားစုကို ထူထောင်နေတဲ့သူပါ။ မကြာခင် ကထွက်လာတဲ့ သဉ္ဇာနွယ်ဝင်း ရဲ့ သတင်းတွေနှင့်ပတ်သက်ပြီး သူမ က comment ဝင်ပေးတာတွေကိုတွေ့ရတော့ အချို့သူတွေက ဝေဖန်လာကြပါတယ်။

-သဉ္ဖာနွယ်ဝင်းတင်တဲ့ ပို့စ်တစ်ခုမှာလဲ မိုးယုကကွန်မန့်ဝင်ပေးထားတာကို screen shot ရိုက်ပြီးဆိုးဆိုးရွားရွားဝေဖန်နေတာမျိုးကိုလဲတွေ့ရတယ်နော်။

သြော်သဉ္ဖာနဲ့က အရင်ကတည်းကခင်တယ်။ ကွန်မန့်ပေးဖြစ်တာကလဲ သူနဲ့ကခင်လဲခင်တယ်။ နောက်ပြီး သူငယ်ချင်းတွေဆိုတော့ သူ့မင်္ဂလာကိစ္စလုပ်မယ်ဆိုတော့ ညီမကိုတိုင်ပင်တယ်။ တိုင်ပင်တယ်လို့မဟုတ်ပေမဲ့ မိုးယုကလဲပြောပြဖြစ်တယ်ပေါ့။ ဝေဖန်တဲ့သူတွေကတော့ ကောင်းတာသွားရေးလဲဝေဖန်မှာပဲ။ မကောင်းတာသွားရေးလဲဝေဖန်မှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ဝေဖန်ကြမှာပဲ။ ညီမတို့နှစ်ယောက်အတွက်ကတော့ ဘာမှမဖြစ်ပါဘူး။ စိတ်ဝင်တစားနဲ့ဝေဖန်ပေးကြလို့ကျေးဇူးတင်ပါတယ်။ ဆိုပြီး trend myanmar ကိုပြန်လည်ဖြေကြားထားပါတယ်။

Credit : myanmarload