မန္တလေးတွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၇၀၀ ခန့်သေဆုံး - Reader Myanmar

Latest Posts

မန္တလေးတွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၇၀၀ ခန့်သေဆုံး





ရ ၅၃ ဦး မြင့်တက်ခဲ့ ကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူး ရုံးမှ သတင်းရရှိသည်။
၂၀၁၆ ဇန်န၀ါရီမှ ဒီဇင်ဘာ အထိ ယာဉ်တိုက်မှု ၂,၁၉၈ မှုဖြစ် ပွားခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် လူ ၆၈၅ ဦး သေဆုံးကာ ၃,၄၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးက ထုတ်ပြန်သည်။
၂၀၁၅ နှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှု ၁၃၄ မှု ပိုမိုဖြစ်ပွားခဲ့ ပြီး လူသေဆုံးမှု ၅၃ ဦး ပိုမိုများ ပြားခဲ့သည်။
မန္တလေးခရိုင်အတွင်း ယာဉ် တိုက်မှု ၃၈၅ မှုဖြစ်ပွားခဲ့ပြီး ၁၉၃ ဦး သေဆုံးကာ လူ ၄၀၀ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၅ ထက် အမှု ၈၀ ကျော် ပိုမိုဖြစ်ပွားခဲ့ကာ လူကိုးဦးပိုမိုသေဆုံးခဲ့ပြီး ၁၃၁ ဦး ပိုမိုထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
၂၀၁၆ သြဂုတ်မှစတင်၍ အ ရက်အသေစာသောက်စားမူးယစ် ပြီး ယာဉ်မောင်းနှင်ခြင်း မရှိစေရေး  အမြန်လမ်း၊   အဝေးပြေး လမ်း၊     မြို့တွင်းလမ်းများတွင် Alcohol Tester ဖြင့် စစ်ဆေးရန်နှင့် ၂၀၁၆ အောက်တိုဘာက စတင်​၍ မော်တော်ယာဉ်မောင်း နှင့် လိုက်ပါစီးနင်းသူများအားလုံး ထိုင်ခုံခါးပတ်    ၀တ်ဆင်စီးနင်းစေ ရေး အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်     ကင်းရှင်းရေးကောင်စီ (NRSC) ၏ အသိပေးနှိုး ဆော်ချက်နှင့်အညီ    သတ်မှတ်ကာလအထိ အသိပညာပေးခြင်း လုပ်ငန်းကို   အကောင်အထည် ဖော် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး    ယာဉ်ထိန်းဒုတပ်ဖွဲ့ ခွဲမှူးရုံးမှ သတင်းရရှိသည်။
Loading...