ဥပဒေတစ်ခုထားသင့်နေပြီဖြစ်တဲ့ ဘုရားကျောင်းကန် အတွင်းမှ လူငယ်စုံတွဲများရဲ့ အကျင့်ပျက် အမူအကျင့်များ - Reader Myanmar

Latest Posts

ဥပဒေတစ်ခုထားသင့်နေပြီဖြစ်တဲ့ ဘုရားကျောင်းကန် အတွင်းမှ လူငယ်စုံတွဲများရဲ့ အကျင့်ပျက် အမူအကျင့်များ





လူငယ်သဘာဝ ချစ်တာ ကြိုက်တာ ချစ်ရည်လူးတာ ဟာ ဒီခေတ်မှာ သိပ်မဆန်းတော့သလိုပါပဲ။ သမီးရည်းစားဖြစ်ပြီး ပန်းခြံ ရုပ်ရှင်ရုံ နဲ့ အခြား လူခြေတိတ်တဲ့နေရာမျိုးတွေမှာ လူငယ်စုံတွဲ တွေ ချိန်းတွေ့ ကြတယ် ချစ်ရည်လူး ကြတယ်ဆိုတာကိုတော့  ဘာမှသိပ်မပြောလိုပါဘူး ။


 ဒါပေမယ့် အခုလို ဘုရားကျောင်းကန် စေတီပုထိုးအစရှိတဲ့ သာသနာ့ နယ်မြေ ပရ၀ုဏ်အတွင်းမှာဒီလို ချစ်ရည်လူး လိင်ဆက်ဆံနေတာဟာ အင်မတန် ယုတ်ညံ့လွန်းတဲ့ အပြုအမူပါ။ ဘာသာရေးအစဉ်အလာအရ ဘုရားတန်ဆောင်း ဘုန်းကြီးကျောင်းကို သွားလာဝင်ထွက်ကြတဲ့အခါမှာ ဖိနပ် ချွတ်ရတဲ့ အစဉ်အလာ နဲ့ ရိုသေသမှု ရှိကြရပါတယ်။ သရုပ်ပျက်အ၀တ်အစား ၀တ်ဆင်ပြီး ဘုရားဖူးခြင်း ၀င်ထွက်သွားလာခြင်းကိုလည်း တားမြစ်မှုတွေ ရှိထားပါတယ်။


နောက်နောင်မှာလည်း ဒီလို ဆိုးရွားတဲ့ အပြုမူမျိုးကိုလည်း သက်ဆိုင်ရာ လူကြီးမင်းများ ဘုရားဂေါပက လူကြီးများမှ တင်းတင်းကြပ်ကြပ် တားမြစ်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်လာပါပြီ။ ထပ်ဆင့်ပြောပြချင်တာကတော့ မနေနိုင်လို့  တဏှာစိတ်လွန်ကဲနေတဲ့ သမီးရည်းစားအတွဲများ  တရားဝင်မယူရသေးခင် လင်မယားလို လိင်ဆက်ဆံချင်နေပါက လွတ်ရာကျွတ်ရာ အိမ် ၊ ဟော်တယ် ၊ အလုံပိတ်တဲ များရှိရာသို့  ကြွရောက် သုံးဆောင်နိုင်ပါကြောင်း ၊ သာသနာ့နယ်မြေမှာ ဘုရားဖူး ဗန်းပြပြီး နှစ်ဦးသားဖူးတာမျိုးကိုတော့ ရှောင်ကြဉ်ပေးကြဖို့   အလေးအနက် ပြောပြလိုက်ပါရစေ ........

#သတင်းအတင်းမီဒီယာ

Loading...