တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်း အနုပညာသတင်း - Reader Myanmar

Latest Posts

တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်း အနုပညာသတင်း




ပရိသတ်တွေအတွက် တစ်ပတ်အတွင်း လူကြိုက်အများဆုံးနဲ့ စိတ်အဝင်စားဆုံး သတင်းများကို ပြန်လည် စုစည်းတင်ပြလိုက်ပါတယ်။



ကောင်းပြည့်ကို ဘွဲ့ရတဲ့အထိ ကျောင်းထားပေးမယ့် ဆုပန်ထွာ
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ ကောင်းပြည့်အတွက် ဆုပန်ထွာတို့ ဇနီးမောင်နှံက ဘွဲ့ရတဲ့အထိ ကျောင်းတက်ဖို့တာဝန်ယူပေးသွားမယ်လို့ သိရပါတယ်။ အဲဒီအတွက်ကိုလည်း ကောင်းပြည့်ရဲ့ အိမ်အထိသွားတွေ့ပြီး ပညာရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
ဆေးကျောင်းအမှတ်မီခဲ့ရင်လည်း ဆေးကျောင်းတက်ခွင့်ရအောင် ကူညီပေးမှာ ဖြစ်သလို မမီခဲ့ရင်လည်း ရေကျောင်း သိပ္ပံတက်ခွင့်ရအောင် ကူညီပေးမှာ ဖြစ်ကြောင်းသူမရဲ့ ဖေ့စ်ဘွတ်မှာ ဆိုထားပါတယ်။

 

အီတလီမှာ ခါးပိုက်နှိုက်ခံလိုက်ရတဲ့ ပိုပို
Let's Go အစီအစဉ် ရိုက်ကူးရေးအတွက် အီတလီကို ရောက်ရှိနေတဲ့ ပိုပိုတစ်ယောက် အီတလီမှာဘဲ ပိုက်ဆံလုခံလိုက်ရတယ်လို့ သိရပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာလည်း အဲ့ကိစ္စနဲ့ ပတ်သက်လို့ ယခုလို ရေးထားပါတယ်။
သူမနဲ့အတူ Let's Go အဖွဲ့ထဲက နောက်တစ်ယောက်ပါ ခါးပိုက်နှိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။ အခု လက်ရှိ မှာတော့ Let's Go အဖွဲ့သားတွေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။

 

ရင်သွေးလေး ရနေပြီဖြစ်တဲ့ ချစ်သုဝေ
ချစ်သုဝေတစ်ယောက် ပထမဦးဆုံး ရင်သွေးလေး လွယ်ထားရပြီဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။ ထူးခြားတာ လေးတစ်ခုကတော့ လွယ်ထားရတဲ့ ရင်သွေးလေးက တစ်ယောက်တည်း မဟုတ်ဘဲ အမြွှာလေးဖြစ်နေပါတယ်။

 

ဦးကင်းကောင် ဆုံးပြီဆိုတာ မမှန်ပါ
ဒီနေ့မနက်မှာ ဦးကင်းကောင် နှလုံးအဆီဖုံးရောဂါနဲ့ ဆုံးပြီဆိုတဲ့ သတင်းတစ်ပုဒ်ကို Page တစ်ခုက တင်လိုက်ပါတယ်။ အဲ့ဒါကို တင်ပြီးနောက်ပိုင်းမှာ ဦးကင်းကောင်ရဲ့ ပရိသတ်တွေ အနုပညာအသိုင်းအဝိုင်းက လူတွေ စိုးရိမ်နေကြတာကြောင့် ဦးကင်းကောင်နဲ့ နီးစပ်ရာ သရုပ်ဆောင် ဦးငှက်ပျောကျော်ကို ဖုန်းဆက်ပြီး မေးခဲ့ရာ ဒီသတင်းက မမှန်ပါဘူးလို့ပြောပြခဲ့ပါတယ်။


Loading...