ခင်ဦးမြို့နယ်၌ ယာဉ်တိုက်မှု့ဖြစ်၍ အမျိုးသမီးတစ်ဦး သေဆုံး - Reader Myanmar

Latest Posts

ခင်ဦးမြို့နယ်၌ ယာဉ်တိုက်မှု့ဖြစ်၍ အမျိုးသမီးတစ်ဦး သေဆုံး





စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ၌ ဇွန်(၁၉)ရက်နေ့ နေ့(၁၁)နာရီခွဲခန့်က ရွှေဘို-မြစ်ကြီးနား(ပြည်ထောင်စု)လမ်းမကြီး မိုင်တိုင်အမှတ်(၆/၄)နှင့်(၆/၅)ကြားတွင် ယာဉ်တိုက်မှု့ဖြစ်၍ အမျိုးသ္မီးတစ်ဦးသေဆုံးသွားခဲ့သည်။


ဖြစ်စဉ်မှာ ရေဦးမြို့ အောင်ဆန်းရပ်ကွက်နေ(ဘ)ဦးသောင်းဋ္ဌေး၏သား မောင်မျိုးခိုင်(၂၅)နှစ်မောင်းနှင်းသော ယာဉ်အမှတ် ၅ခ/၈၇၉၃(အောင်ရတနာ)မှန်လုံယာဉ်ကြီးသည်။ကောလင်းမြို့နယ် ကျောက်တန်းမှရွှေဘိုသို့မောင်းနှင်းလာစဉ် ၁၉.၆.၁၆ ရက်နေ့ နေ့(၁၁)နာရီခွဲခန့်က ရွှေဘို-မြစ်ကြီးနား(ပြည်ထောင်စု)လမ်းမကြီးပေါ် မိုင်တိုင်အမှတ်(၆/၄)နှင့်(၆/၅)ကြား၌ ရွှေဘိုမှ SHAYAN အမျိုးအစား 125 အနက်ရောင်စီးနှင်းလာသော မမိုးမိုး(၂၈)နှစ်(ဘ)ဦးကျော်စိုး အောင်သာရွာ အရာတော်မြို့နယ်နေသူနှင့်မျက်ချင်းဆိုင်ရှောင်တိမ်းစဉ် အဆိုပါမှန်လုံကား၏ဝဲဘက်တူးဘောက်ခေါက်တံခါးပွင့်၍ ဝင်တိုက်မိသဖြင့် မမိုးမိုး၏ဝမ်းဗိုက်ပွင့်ထွက်၍ နေရာတွင်သေးဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။


၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မောင်မျိုးခိုင်(၂၅)နှစ်(ဘ)ဦးသောင်းဋ္ဌေး အောင်ဆန်းရပ်ကွက် ရေဦးမြို့နေသူအား ခင်ဦးမြို့မစခန်းမှ ယာဉ်(ပ)၂၆/၂၀၁၆ ပုဒ်မ/၃၀၄(က)ဖြစ် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။…

Chit San

Loading...